Part-63

45 1 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-63

"တီး...တီး..တီး....

နှင်းခက် ဟိုကောင်တွေရောက်နေပြီ

အေးအေး

ကဲ Ladyတို့ပြင်ဆင်လို့ပြီးပြီလား....

ကိုယ့်ခက်လေးက နတ်ပန်းခက်လေးအတိုင်းပဲ....လှရက်လိုက်တာခက်ရယ်

နှာဗူး....

အေးမငျးတျို့ပွောထားနှငျ့ဦးပေါ့...အပေါ်ထပ်လှေကားကနေ ဆင်းလာမယ့် ခွင်းနဲ့သမုကိုမြင်မှ ပါးစပ်အဟောင်းသားတွေနဲ့ငမ်းမနေကြနဲ့

ဘာဖြစ်လဲ ငမ်းတော့...ငါ့ချစ်သူငါငမ်းတာ....

အေးလေ...ဒင်းကနာချင်နေတာ

ဟာမင်းတို့နှစ်ကောင်ကတော့...ငါ့ကိုဝိုင်းကိုက်နေကြတာ

ကိုက်ရအောင် ငါတို့ကခွေးမဟုတ်ဘူး...

ငါမပြောဘူးနော် မင်းတို့ဘာသာတွေးလိုက်တာ

မင်း.......

မောင်....."

သုံးကောင်သားသတ်မလို့ပဲရှိသေးတယ်....ညရဲ့ခေါ်သံကြောင့် လှည့်ကြည့်မိတော့

"တွေ့လား ငါမပြောဘူးလား ဒီကောင် ပါးစပ်အဟောင်းသားနဲ့နင့်ကိုငေးနေတာ

ငေးနေတာတော်လောက်ပြီ နေလင်း ငါ့သူငယ်ချင်း အသားတွေပဲ့ပါသွားဦးမယ်
အကြည့်တွေလျှော့ဦး

သမု နင်အရမ်းလှတယ်....သိလား

အင်း ငါသိတယ်..."
သမုပြောလိုက်သည့်စကားကြောင့် သူ့မှာ စကားဆက်မရတော့ပဲ အင်တင်တင်ဖြစ်သွားရတယ်

"ညက ဂါဝန်လေးနဲ့အရမ်းလိုက်တာပဲ...နောက်လည်းအဲ့လိုဝတ်ပါလားဟင်...ကိုယ့်မျက်စိထဲတစ်ကယ်လှနေလို့

ညီအစ်မတွေ ဖြစ်သွားအောင် မင်းပါဝတ်လိုက်ပါလားနေလင်း

မင်းဝတ်လိုက်လေ...လဒရဲ့

မင်းကမှ လဒအစစ်လေ

ကဲတော်ပြီ ဘုန်း ဒီနေ့ဘယ်လိုဖြစ်နေတာလဲ...နေလင်းတို့နဲ့စကားအပေါက်အလမ်းကိုမတည့်ဘူး

ကိုယ် ဒီကောင်တွေကိုသိပ်ကြည့်မရလို့

မင်းကြည့်မရအောင် ငါတို့မင်းကိုဘာမှမလုပ်ဘူး
မင်းဘာ့သာဖြစ်နေတာ...မသိရင်ငါတို့ကိုအူတိုနေတဲ့အတိုင်းပဲ...

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Opowieści tętniące życiem. Odkryj je teraz