နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12

47 0 0
                                    

"ဘာတွေလိုက်မယ်ပြောနေတာလဲ ည"

"ဒီမှာလေ ဘွားဘွားပေါ့ ဆေးရုံဆင်းပါပြီဆိုတည်းက အိမ်မှာ ငြိမ်ငြိမ်မနေဘူး

သြော် ညကလည်း အဘွားက အိမ်မှာပဲ တောက်လျှောက်နေရရင် ပျင်းတာပေါ့
ငါတို့ကလေးတွေတောင်ပျင်းတာကို

ဒါပေမယ့်...........

ကဲ ဘွားက အခုသွားမှ ညနေကိုအိမ်စောစောပြန်ရောက်မှာ.....သားနေက မြေးနဲ့စာလုပ်ဖို့လာတာမလား

ဟုတ်တယ် ဘွား သား သချ်ာပုဒ်စာတစ်ပုဒ်နားမလည်လို့ ညကိုလာမေးတာ

အေးအေး ဒါဆို မြေးနဲ့စာလုပ်နော် မုန့်စားချင်ရင် ခိုင်ခိုင်ရှိတယ်.....သားတို့အန်တီခိုင်ကိုပြောလိုက်

ရပါတယ် ဘွားရဲ့
စာရှင်းတာခဏပဲကြာမှာပါ

အေးအေး ဒါဆိုဘွားသွားပြီနော်

မောင်ထွန်းရေ

ဗျာ မေမေကြီး

ကားထုတ်လာခဲ့ စတော်ဘယ်ရီခြံသွားမယ်

ဟုတ်ကဲ့ မေမေကြီး

ဘွား..... သမီးလိုက်မှာလို့

ခေါင်းမမာနဲ့မြေးငယ် ခဏပဲကြာမှာ ဘွားက ဒီအတိုင်း အလုပ်သမားတွေကို သွားကြီးကြပ်မှာပါ ပင်ပန်းအောင် မနေပါဘူး စိတ်ပူမနေနဲ့

တစ်ကယ်နော် ဘွားသေချာဂရုစိုက်ရမယ်

ဟုတ်ကဲ့ပါရှင်
ကဲ သွားပြီကလေးတွေ

ဟုတ်ကဲ့ "

ဘွား ကားနဲ့ ထွက်သွားတာကိုသေချာလိုက်ကြည့်နေတဲ့ ညကို ကြည့်ရင်း သူရယ်မိတယ်

သူ့ရယ်သံကိုကြားသွားတယ်ထင်တယ်.......

"ဂုဏ့် နင်ကဘာတွေရယ်နေတာလဲ

အဟင်း.... ဘာ ဘာမှမရယ်ပါဘူး

လာလိမ်မနေနဲ့ နင့်ရယ်သံကြီးကို အနီးကပ်ကြားလိုက်ရတာပါနော်

အဟွန်းဟွန်း.....ညက ဘွားကိုစိတ်ပူပေးနေတာ လူကြီးပေါက်စလေးလိုပဲ

ငါကဘွားကိုထပ်ပြီးဆေးရုံရောက်မှာစိုးလို့ နောက်ကလိုက်ကြည့်နေရတာ

ဟုတ်ပါတယ် ဒါပေမယ့် လူကြီးဆိုတော့ ဘယ်ကြိုက်ပါ့မလဲ
မြေးဖြစ်သူစိတ်ပူပေးတာကို သဘောကျပေမယ့် နောက်ကနေ ဟိုဟာလုပ်ရင်လည်းလုပ်လို့ ဒီဟာလုပ်ရင်လည်းလုပ်လို့ လိုက်ပြောနေတော့ အမြဲ သူ့လက်သူ့ခြေလုပ်လာတဲ့အဘွားက စိတ်ကျဥ်းကြပ်လာတာပေါ့

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now