နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13

44 0 0
                                    

"မေမေ ပြောတာ သားလုံးဝလက်မခံနိုင်ဘူး
သားက အခုမှ ကလေးပဲရှိသေးတာ အသက်လည်းမပြည့်သေးဘူး ဒီစေ့စပ်ပွဲကို ဘယ်လိုမှ လက်မခံနိုင်သလို မစေ့စပ်ရင် ဒီမှာ အဲ့မိန်းကလေးနဲ့ကျောင်းအတူတက်ရမယ်ဆိုတဲ့ စကားကို သားလက်မခံဘူး လုံးဝပဲနော်မေမေ "

"နေဂုဏ်ရှိန်လင်း မင်းက မေမေပြောတာကိုဆန့်ကျင်တဲ့သဘောပေါ့လေ မင်းငယ်ငယ်လေးတည်းက မေမေတို့ထားသလိုနေခဲ့တာ အခုမှ အာခံလာတာ ဟိုက ကလေကချေအုပ်စုနဲ့ပေါင်းပြီးအကျင့်တွေပျက်လာတာပေါ့ မေမေဘယ်လိုမှ သားကို ပြန်မလွှတ်နိုင်ဘူး ဒီမှာပဲ ကျောင်းဆက်တက်ရမယ် သားငယ် "

"မေမေ့........"

သူ ဘယ်လိုမှ သည်းမခံနိုင်ပါ
သူ့သူငယ်ချင်းတွေဆိုတာ မိဘအုပ်ထိန်းမှုအောက်မှာ ကောင်းစွာ ကြီးပြင်းလာမှန်းသိသာစေတဲ့လူတွေပါ
ဒါကို ပညာတတ်တစ်ယောက် စီးပွားရေး လုပ်ငန်းတွေကိုဦးဆောင်နေတဲ့မေမေက ဘယ်လိုအမြင်နဲ့ ကလေကချေပါလို့ဆုံးဖြတ်လိုက်တာလဲ

"မင်း မေမေ့ကိုမအော်နဲ့သားငယ် မေမေပြောတာဘာမှားလို့လဲ"

"သားအော်မိရင် တောင်းပန်ပါတယ်
ဒါပေမယ့် သားသူငယ်ချင်းတွေကို ကလေကချေလို့မပြောပါနဲ့ "

"ပြောရမယ် မင်းက ဘယ်တုန်းက မေမေပြောတာဆန့်ကျင်ခဲ့ဖူးလို့လဲ

အဲ့တာ သားငယ်တုန်းကပါ
အခု သားကစဥ်းစားတတ်တဲ့အရွယ်ရောက်နေပါပြီ
မေမေ့လုပ်ရပ်မှားနေတာရော မေမေသိရဲ့လား

မမှားဘူး ဒါကသားအတွက် အခုကတည်းက မေမေရွေးချယ်ပေးထားတဲ့အိမ်ထောင်ဖက်ပဲ
မင်းမေမေ့စကားကိုလက်ခံရင် သားငယ် ပြင်ဦးလွင်ကို ပြန်ခွင့်ရမယ်
ဘယ်လိုလဲ

လုံးဝပဲ သားပြောထားပြီးသားနော်
ဖေဖေကရော မေမေ့ကိုမတားတော့ဘူးလား
ဖေဖေ့စိတ်ထဲမှာ ဖေဖေ့သွေးနဲ့ဖြစ်တည်လာတဲ့သားကို သားလို့ရော ထင်မှတ်သေးရဲ့လား"

သူ့အသံတို့တုန်ခါပြီး စကားကိုမနည်းထိန်းပြောနေရတာ
ယောကျ်ားမျက်ရည်မကျရဘူးဆိုပြီးတင်းခံနေတာမို့
အသံက တုန်ရီနေတယ်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now