Part-36

49 2 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-36

"နေလင်းရေ.........နေလင်း.......

ဟော မြေးသူငယ်ချင်းတွေရောက်နေပြီ သွားခေါ်လိုက်ပါဦး

ဟုတ်ကဲ့ ဘွား

အချိန်တိကျသားပဲသားကြီးတို့ ကွက်တိပါပဲလား

တိကျရမယ်လေကွာ အရေးကြီးတဲ့အချိန်လေ

အန်တီတို့အန်ကယ်တို့ အိမ်ထဲကြွပါခင်ဗျ

အေးသား......"

"အန်တီနံ့သာတို့ကအရင်ရောက်နေတာပဲ

ခုနကမှ ရောက်တာပါကွယ် သားနေတို့နဲ့ကလမ်းနီးတော့ လာရတာ သိပ်မကြာလိုက်ဘူးလေ

ဟုတ်တာပေါ့ အန်တီ
ကျွန်မတို့တော့ ကလေးတွေအတွက် ရင်ခုန်နေတာ သူတို့လေးတွေရဲ့ကြိုးစားမှုကိုသိပေမယ့် ကိုယ်တွေက ရင်ခုန်နေတာအန်တီရယ်

အန်တီလည်းအတူတူပါပဲကွယ် ဒါပေမယ့် ကလေးတွေကတော်ပြီးသားဆိုတော့ သေချာပေါက် ဂုဏ်ထူးတွေပါကြမှာပါ

သမီးတို့သုံးဆောင်ကြပါဦး

ရပါတယ် အန်တီသက်လျာ ကျွန်မတို့အတွက် မုန့်တွေပြင်ဆင်ပေးဖို့မလိုပါဘူးရှင်

မဟုတ်တာ ကလေးတွေအောင်စာရင်းကြည့်ပြီးချိန်ထိစောင့်ရမှာဆိုတော့ နည်းနည်းပဲဖြစ်ဖြစ်သုံးဆောင်ပါကွယ်

အားနာလိုက်တာအခုလိုဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ်အန်တီသက်လျာ

ရပါတယ်ကွယ် အန်တီတို့ကလည်း သမီးတို့ကို ကျေးဇူးတင်နေတာ အန်တီတို့မြေးလေးကို ဂရုစိုက်ပေးလို့

သားနဲ့ကသူငယ်ချင်းတွေဆိုပေမယ့် သားနေကလိမ္မာတဲ့ကလေးလည်းဖြစ်တာမို့ အထွေအထူးဂရုစိုက်ပေးရတာမရှိပါဘူးအန်တီသက်လျာ

အဟင်း ကျေးဇူးတင်ပါတယ်ကွယ်

ရပါတယ်အန်တီသက်လျာ......."

"ည ကိုယ်တော့စိတ်တွေလှုပ်ရှားနေပြီ ညရော

တူတူပဲ စိတ်ထဲမှာဘယ်လိုကြီးမှန်းမသိဘူး

ခက် ကိုယ့်လက်တွေအေးစက်နေတာပဲ ကိုင်ကြည့်ပါလား

ဘုန်းတစ်ယောက်တည်းမဟုတ်ဘူး ခက်လက်တွေရောပဲ ရေခဲတုံးကိုင်ထားတဲ့အတိုင်းပဲ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Opowieści tętniące życiem. Odkryj je teraz