Part-43

43 1 0
                                    


~~~~~~~

""ခွင်းရေ ခွင်း

ဟေ ဘာလဲဟင် ထဝီ ငါဒီမှာ ပုံဆွဲနေတာ

သြော် ခွင်းကဒီရောက်နေတာကို
ပြောစရာရှိလို့ရှာနေတာ

ဘာပြောမို့လဲ

ငါတို့ ဒီနှစ်ဆို ကျောင်းပြီးတော့မှာမလား

အင်း

အဲ့တာ တို့တွေကျောင်းနောက်ဆုံးနှစ်အနေနဲ့ အမှတ်တရဖြစ်သွားအောင် ပြပွဲလေးလုပ်ကြပါလားလို့ ဆရာမချိုင်ရွတ်က အကြံပေးလိုက်တယ်

နောက်ဆုံးနှစ်တွေစုပေါင်းပြီးတော့လား ထဝီ

အင်း ဟုတ်တယ် လုပ်မယ်ဆိုရင် ဆရာမကိုလာပြောတဲ့ ကျောင်းအုပ်ကိုပြောပြီးစီစဥ်ပေးမယ်တဲ့

အင်း ကောင်းပါတယ် တို့တွေရဲ့လက်ရာကိုပြသခွင့်ရမှာဆိုတော့ လုပ်မယ်လေ

အင်း ဒါဆို ဆရာမချိုင်ရွတ်ကိုသွားပြောကြရအောင်

အင်း ""

ကုန်ဆုံးခဲ့တဲ့လေးနှစ်တာကာလမှာ လူရောစိတ်ပါပြောင်းလဲသွားခဲ့တယ်
အရင်လို ဆံပင်အရှည်မထားဖြစ်တော့ပဲ ဆံပင်ကုတ်ခွဲပဲထားဖြစ်တယ်
သူငယ်ချင်းတွေနဲ့အတူရှိချိန်ကလွဲရင် တစ်ယောက်တည်းသီးသန့်နေလေ့ရှိတယ်
အားလပ်ရက်တွေမှာ အဘွားအတွက် ကုသိုလ်ကောင်းမှုလုပ်ရင်း သင်ယူနေတဲ့ပန်းချီပညာရပ်ကို တော်သထက်တော်အောင် လေ့ကျင့်နေခဲ့တယ်
မေ့ပျောက်သင့်တဲ့အရာကို မေ့ပျောက်အောင်ကြိုးစားခဲ့ရတာ ခက်ခဲလွန်းတယ်
ဒါပေမယ့် အခုထိ မမေ့နိုင်သေးတာ ဘယ်လိုလုပ်ရမလဲ

~~~~~~~~~~~~~~~~~~~~~

""သားရေ တီလေး Supermarket သွားမလို့ ဘာမှာချင်သေးလဲ

ဟင့်အင်း မမှာတော့ဘူးတီလေး

အိုကေ ဒါဆို တီလေးသွားပြီနော်

ဟုတ်ကဲ့

သြော် ဒါနဲ့ ညကသားဖုန်းကို ကိုလေးက ခေါ်မရလို့တဲ့
ပြန်ခေါ်လိုက်ပါဦး

ဟုတ် တီလေး ""

""ဟဲလို ဖေဖေ

အေး ညကသားဖုန်းကို ခေါ်မရဘူး

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now