နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16

49 1 0
                                    

"ဂုဏ် ချောလာတာပဲ.....လက်ချောင်းလေးတွေဆို သွေးကြောစိမ်းလေးတွေမြင်ရတဲ့အထိ ဖြူဖွေးနေတာ............လက်ချောင်းသွယ်သွယ်လေးတွေက ပြတိုက်ပို့ထားချင်စရာလေ.......အဟိ"

"မျက်နှာလေးက လေးထောင့်ကျပြီး မျက်လုံးလေးတွေက စူးရှမှုအပြည့်ရှိပြီး နှာတံစင်းစင်းလေးတွေနဲ့ သိပ်ကိုချောမောနေပါသော ခွင်းရဲ့သူငယ်ချင်းဂုဏ်"

ခွ"င်း နင်ဘာဖြစ်နေတာလဲလို့....အားနေဂုဏ့်အကြောင်းပဲ တွေးမိနေတာ
နင် ဂုဏ့်ကိုစိတ်ဝင်စားနေတာလား........"
ခွင်း ခေါင်းခါလိုက်ကာ
"မဖြစ်နိုင်တာ မဟုတ်လောက်ပါဘူး ငါ ဂုဏ့်ကိုမတွေ့ရတာကြာလို့ အခုပြန်တွေ့တဲ့အချိန်မှာ ဂုဏ့်ရဲ့ပြောင်းလဲသွားတဲ့အချက်တွေ အရင်ကသတိမထားမိခဲ့တဲ့ပုံစံတွေကို တွေးမိနေတာပါ"
"ဟုတ်လောက်တယ် အဲ့အတိုင်းပဲ ဖြစ်မှာပါ"

"ငါစာလုပ်ရမယ်.....စာမလုပ်ပဲ ဒီအတိုင်း စာကြည့်စားပွဲမှာထိုင်နေလို့ ဂုဏ့်အကြောင်းတွေးမိတာ "

"မြေးငယ် ဘာတွေတစ်ယောက်တည်း ခေါင်းညိတ်ခေါင်းခါလုပ်နေတာလဲ"

"ဟီးဟီး သမီး ဘယ်ဘာသာလုပ်ရင်ကောင်းမလဲစဥ်းစားနေတာပါဘွားဘွား........"

"ဖြစ်ရမယ် ငါ့မြေးကတော့...... ကဲ ဘွားက မြေးလေးစာလုပ်ရင်းသောက်ရအောင် စတော်ဘယ်ရီဖျော်ရည်လေးယူလာခဲ့တယ်.....သောက်လိုက်ဦး............."

"ဟုတ်ကဲ့ ဘွားဘွား"

"အင်း.....သောက်လို့အရမ်းကောင်းတာပဲ......ဘွားလုပ်ကျွေးတဲ့ဘယ်အရာမဆို ခွင်းကကြိုက်နေတော့ဘယ်လိုလုပ်ရမလဲဘွား....ဟင်"

"သမီးကြိုက်ရင် ဘွားကအမြဲလုပ်ကျွေးမှာပေါ့.မြေးသာ စာကိုကြိုးစားပြီး မြေးရဲ့အနာဂတ်ကို အကောင်းဆုံး ပုံဖော်ရမယ်နော်"

"ဟုတ်ကဲ့ပါဘွားဘွား
ဘွားကလည်း သမီးအနားမှာ အမြဲ ကျန်းကျန်းမာမာနဲ့ ရှိနေပေးရမယ်နော်......"

"ဟုတ်ပါပြီကွယ် ကဲကဲ မြေးစာလုပ်တော့ ဘွားလည်း တရားထိုင်ဦးမယ်...."
"ညမနက်နဲ့နော်မြေးငယ်......စောစောအိပ်...."

"ဟုတ်ကဲ့ ဘွားဘွား"

^^^^^^^^^^^^^^^^^^^^ ******************

"ဘွားဘွား ဘိုးဘိုးရော "

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now