Part-29

31 1 0
                                    

"ခုနက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်မိနေကြတာမို့ အခုအသိပြန်ဝင်လာတော့ အနေခက်နေကြတယ်......

"ဟိုလေ ဂုဏ်

ဟမ် ဘာပြောလိုက်တာလဲ ည

စကားပဲစရသေးတာ ဘာမှ မပြောရသေးဘူး

သြော် အင်းအင်း ပြောလေ ည...."

ဘာပြောရမလဲ စဥ်းစားစမ်း ခွင်း
ဘာအကြောင်းမှ ပေါ်မလာတာမို့ ဒီအတိုင်း ရယ်ပဲရယ်ပြလိုက်တယ်.....

"အဟီး.........

အဟက် ဘာရုပ်လေးလဲ ညရယ်....ငါ့ကိုသွားဖြူကြောင်းလာကြွားနေတာလား.....ပြောစရာရှိလို့မဟုတ်ဘူးလား......

အဟီး ဒီအတိုင်း အနေရခက်လို့ ဟီးဟီး....... "

"အဟမ်း ငါရောပဲ........"

အခုကျတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ရယ်မိနေပြန်ရော............

"ဒါနဲ့ နေ့လည်စာကို ညဘာစားချင်လဲ ငါဝယ်ကျွေးမယ်.......အာ.....ဟုတ်သား ဆရာဝန်ပြောထားတယ်....အစာအမာတွေမကျွေးရသေးဘူး....ဆန်ပြုတ်ပဲကျွေးရမယ်လို့မှာထားတယ်.....

ရပါတယ် ဂုဏ်ရဲ့......

ည နေပြန်ကောင်းမှ ညစားချင်တာအားလုံး ဝယ်ကျွေးမယ်နော်

ဟီးဟီး ကတိနော် ဂုဏ်.....နောက်မှ မေ့သွားပြီမလုပ်ရဘူး

စိတ်ချပါ ညရဲ့....ကတိ ကတိ.....

အင်း......"

"မနက်ဖြန်ကိုတော့ ကျောင်းပြန်တက်လိုက်တော့နော်ဂုဏ် ပျက်ရက်များရင် ဂုဏ်စာတွေမလိုက်နိုင်ပဲနေမယ်

ကြာသပတေးနေ့မှ တက်မယ်လေ

မရပါဘူး မနက်ဖြန် တက်လိုက်......

ည..........

မရဘူးနော် ဂုဏ်.....ငါ့ကို စာပြန်ရှင်းပြဖို့က ဂုဏ်ပဲရှိတာနော် ခန့်ညားတို့နှင်းခက်တို့က အခန်းချင်းမတူတော့ ဘာသာရပ်သင်ခန်းစာရောက်နေတဲ့နေရာချင်းမတူဘူး.......နောက်ပြီး အတန်းထဲကသူတွေကလည်း အဲ့လောက်ကြီး ရင်းနှီးတာမဟုတ်ဘူးလေ ဂုဏ်ပဲငါ့ကိုစာရှင်းပြပေးရမှာ........နော်ဂုဏ် မနက်ဖြန် ကျောင်းမပျက်နဲ့တော့နော်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now