နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4

76 1 0
                                    

သူတို့နှစ်ယောက် စကားပြောရင်း စက်ဘီးနင်းလာတာ  ဂုဏ်တို့လမ်းထဲတောင်ရောက်နေပြီ.............

"ဒါငါ့အိမ်ပဲည အဘိုးနဲ့အဘွားဆီမှာလာနေတာလေ"
"သြော် နေချင်စရာလေးပဲ......နင်တို့ခြံထဲမှာ ငါကြိုက်တဲ့ ဇွန်ပန်းတွေရော၊ခြောက်လခံပန်းတွေရော စိုက်ထားတာပဲ........အဘွားက ပန်းကြိုက်တဲ့သူဖြစ်မယ်ထင်တယ်.....ပန်းပင်တွေအစုံပဲ......."

"ဟုတ်တယ် အဘိုးက အဘွားအကြိုက် ပန်းပင်တွေအများကြီးစိုက်ပေးထားတာလေ"

"So romantic "

"အဘိုးကြားရင် နင့်ကိုမုန့်ကျွေးလိမ့်မယ်ည"

"ဟဟ ငါကမုန့်စားချင်လို့ပြောရတာမဟုတ်ပါဘူးနော် "

"အေးပါဟ ငါသိပါတယ် "

"ဒါဆို ငါသွားတော့မယ် ဘိုင့်ဘိုင် ဂုဏ်ရေ"

"အင်း ဂရုစိုက်နော် ည"

"အင်း သွားပြီ ဂုဏ်"

ညဟာ သူ့ကိုပြုံးပြပြီး သူမစက်ဘီးလေးကိုနင်းကာ သူမတို့လမ်းဘက်ကိုကွေ့သွားတယ်။

သူခြံထဲဝင်လာတော့ အဘိုးက ခြံထဲမှာ ထိုင်ဖို့လုပ်ထားတဲ့စားပွဲဝိုင်းလေးဘက်မှာ စာထိုင်ဖတ်နေတာကို တွေ့လိုက်ရတယ် ။
"ငါ့မြေးတောင် ကျောင်းဆင်းလာပြီပဲ
ဘယ်လိုလဲ မြေး
ဒီနေ့ကျောင်းတက်ရတာ"

"ဟုတ်ကဲ့ အဆင်ပြေပါတယ် အဘိုး
သား ဒီနေ့သူငယ်ချင်းအသစ်တွေလည်းရခဲ့တယ်"

"ကောင်းတာပေါ့ ကျောင်းတက်တယ်ဆိုတာ ပညာသင်ဖို့တစ်ခုတည်းမဟုတ်ဘူး၊ လူမှုပေါင်းသင်းဆက်ဆံရေးဆိုတာလည်း သင်ယူရတယ်။တစ်ခြားသောသင်ယူစရာတွေလည်း အများကြီး ရှိပေမယ့် သူငယ်ချင်းအပေါင်းအသင်းဆိုတာလည်း လိုအပ်တယ်။"

"ဟုတ်ကဲ့ အဘိုး"
"ကဲကဲ သွားနားတော့ "
"ဟုတ်ကဲ့ အဘိုး"

လင်း အဘိုးနဲ့စကားပြောပြီး အိမ်ထဲသို့ဝင်လာခဲ့တယ်။

"မြေးရေ အဝတ်အစားတွေ လဲပြီး အောက်ထပ်ကိုဆင်းလာခဲ့ နေ့လည်စာ စားမယ်
ဟုတ်ကဲ့ ဘွား"

************ ******* ******** ******** ********* *****

"၅မိနစ်နောက်ကျတယ်နော်မြေး"
"သမီးသူငယ်ချင်းတစ်ယောက်နဲ့စကားပြောရင်း ပြန်လာတာမို့လို့ပါဘွား"
""အေးအေး ခဏနားပြီး ဆင်းလာခဲ့ မြေးကြိုက်တာလေးတွေချက်ထားတယ်"

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now