Part-22

49 1 0
                                    

"ခွင်းအိမ်ပြန်ရောက်တော့......ဘွားဘွားက မာလကာပင်တွေနားကနေထွက်လာတာကိုတွေ့ရတယ်........

ဘွား မာလကာပင်နားမှာဘာလုပ်နေတာလဲ..........

မာလကာသီးတွေ သီးနေပြီလားသွားကြည့်တာ......
ငါ့မြေးလေးတောင် ကျောင်းကပြန်လာပြီပဲ.....မြန်မြန်အဝတ်အစားလဲ.....နေ့လည်စာစားကြမယ်.....၁နာရီကျူရှင်ပြန်သွားရဦးမှာမလား.......

ဟုတ်တယ်ဘွား......."

ခွင်း အပေါ်ထပ်တက်မလို့ရှိသေး......

"ခွင်း....မြေးလေး

ရှင်ဘွားဘွား......

သမီးဆီက မြတ်လေးပန်းနံ့ရနေသလိုပဲ.......

ဟာ....ဟုတ်တယ် ဘွားရေ
ဂုဏ်က သူ့အိမ်ကနေ သမီးအတွက် မြတ်လေးပန်းတွေခူးလာပေးတာ.....

ဘွားကိုပြပါဦး.....မြတ်လေးပန်းက အိမ်မှာ စိုက်မထားတော့ ဒီပန်းလေးကိုမတွေ့ရတာကြာပြီ

ဒီမှာ ဘွားဘွား

လှလိုက်တာ သားနေကိုရော ကျေးဇူးတင်ကြောင်း ပြောလိုက်ရဲ့လားမြေးငယ်.

ပြောလိုက်ပါတယ် ဘွားဘွား

အေးအေး.......ရော့ရော့ပြန်ယူတော့မြေးငယ်

ဟုတ် ဘွားဘွား

ဒါဆို သမီး အပေါ်ထပ်တက်တော့မယ်နော်

အေးအေး "

***********************************************

ဂုဏ် ပေးထားတဲ့ ပန်းလေးတွေကို ခွင်းမသုံးရက်လို့သိမ်းထားတဲ့စာအုပ်လှလှလေးကြားထဲမှာ ညှပ်ပြီး သိမ်းထားတယ်........ပန်းခြောက်အနေနဲ့ ပြန်ကြည့်လို့ရအောင်..........

ဂုဏ်က ခွင်းကြိုက်တဲ့ပန်းလေးကို မှတ်ထားတာပဲ......

"ည..............

ဟမ် ဘာပြောမလို့လဲ ဂုဏ်

ပြောမလို့မဟုတ်ဘူး ည စာကျက်ရင်းနဲ့ ငြိမ်သွားလို့ ခေါ်လိုက်တာ ဘာတွေးမိသွားလို့လဲ.............."

ခွင်းကို မေးခွန်းထုတ်လာတဲ့ဂုဏ်ဟာ နံ့သာရောင် ရှပ်လက်တိုနှင့် ပုဆိုးတို့ကိုဝတ်ဆင်ထားပြီး.....ဆံပင်ကို ဂျယ်နှင့် တစ်ဖက်ကိုလှန်တင်ထားတာကြောင့် တစ်နေကုန် ထိုင်ငေးချင်စရာပါပဲ.......တစ်နေ့တစ်ခြား နင်တော်တော်ကြည့်ကောင်းလာတာပဲဂုဏ်.......

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now