Extra Part-4

38 0 0
                                    


" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-4 ✨🖤⚜️

" အေးကြည်....ဟေ့....အေးကြည် ခေါ်နေတာမကြားဘူးလား

ရှင် အစ်ကိုလေး ....လာပါပြီ ခဏလေးပါရှင့်

မြန်မြန်လာစမ်း ...."

အစ်ကိုလေး အသံက ဒေါသပါနေတာမို့ နေ့လည်က မမလေး သရက်သီးသုပ်စားတာနဲ့ပက်သက်ပြီး သိများသိသွားပြီလားဟု အေးကြည် တွေးပူမိသွားရသည်

လာပါလေ့စေဦး အေးကြည်မ သူ သည်လောက်မှာထားရဲ့သားနဲ့ကို "ည"အကြိုက် သရက်သီးသုပ်ကျွေးရတယ်လို့....တောက်ခ်

" အစ်ကိုလေး အေးကြည်ရောက်ပါပြီ.....

အေး နင် ဒီကိုလာကြည့်စမ်း...."

အစ်ကိုလေးက ခြံထဲရှိ ဝါးခြူတံလေးကို ဓာတ်ပုံရိုက်ထားသည်အား ပြလာတာမို့ အေးကြည်ထူးဆန်းသွားရသည်

" ဝါးခြူတံလေးလေ အစ်ကိုလေး အေးကြည်မြင်ဖူးပါတယ်

ဟ......ငါ နင့်ကို ဝါးခြူတံမမြင်ဖူးလို့ ခေါ်ပြတယ်များမှတ်နေလား
ဒီဝါးခြူတံကို ငါထားထားတဲ့နေရာက ခရေပင်မှာထောင်ထားခဲ့တာလေ
အခု ဝါးခြူတံက သရက်ပင်မှာထောင်ထားတာ ဘာသဘောလဲ
ဝါးခြူတံက ခြေထောက်ပေါက်ပြီး သရက်ပင်နားရောက်သွားတာလား ဟမ် .....မှန်မှန်ပြောစမ်း နင် သရက်သီးလာခူးတယ်မလား အဲ့တာကလည်း နင်စားဖို့မဟုတ်ဘူး ငါ့ဇနီးစားဖို့မလား ပြောလေ

ရှင်.....မဟုတ်ပါဘူး အစ်ကိုလေး အထင်မှားနေတာပါ

အေးကြည် ငါမေးနေတာကိုဖြေနော် မဟုတ်ရင် နင့်ကို ရွာပြန်ပို့မှာ

ရှင်....."

အဲ့တာမှ ဒုက္ခ အမှန်အတိုင်းပြောပြန်ရင်လည်း မမလေးက အဆူခံရမှာ မပြောပြန်ရင်လည်း အေးကြည်မ ရွာပြန်ရမှာ သေချင်တာပါပဲဟယ်
ဘူးချည်းပိတ်ငြင်းမှပဲရမယ် ဟုတ်တယ်

" မသိပါဘူး အစ်ကိုလေး ဒီနေ့တစ်နေ့လုံး အေးကြည် အလုပ်တွေပြီးအောင် လုပ်နေရတာနဲ့ မအားတာပါ
မမလေးကလည်း ဘုရားရှိခိုးပြီး စာအုပ်ဖတ်ရင်ဖတ်၊မဖတ်ရင် ဇာတ်ကားကြည့်နေတတ်တာမို့ ဝါးခြူတံကိစ္စနဲ့ပက်သက်ပြီး မမလေးရော အေးကြည်ရော မသိပါဘူး တစ်ကယ်ပါ အစ်ကိုလေး "

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now