Part-53

49 2 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-53

^^^^^^^^^^^^
"ခွင်းရေ ခွင်း

သမုလာလေ

ငါနင့်အတွက်သတင်းကောင်းယူလာတယ်

ဘာများလဲ

သင်တန်းနေရာအတွက်အဆင်ပြေတဲ့နေရာတစ်နေရာတွေ့လို့

ဘယ်နေရာလဲ

နေလင်းခြံပဲ

ငါမငှားဘူး

မဟုတ်ဘူးလေ ငါပြောတာကိုနားထောင်ပါဦး

ဘာလဲ

နေလင်းက အခုအဲ့ခြံကိုသူ့သူငယ်ချင်းကိုရောင်းလိုက်ပြီ
ပိုင်ရှင်က သူမဟုတ်တော့ဘူး
အဲ့တော့ သူ့သူငယ်ချင်းနဲ့ဆက်သွယ်ပြီးနေရာငှားဖို့ဆွေးနွေးကြည့်ရင်မကောင်းဘူးလား

သူ့သူငယ်ချင်းကဘယ်သူလဲ

ဖီးနစ်....နင်သိတယ်မလား

အင်း သိတယ် ခရစ်စ်တင်ရဲ့ချစ်သူလေ

ဒါဆို ပိုအဆင်ပြေတာပေါ့ နင့်သူငယ်ချင်းကနေတဆင့် ဖီးနစ်ဆိုတဲ့သူကိုဆက်သွယ်ကြည့်လိုက်ပါလား

အင်း သူနဲ့မဆိုင်တော့ဘူးဆိုတော့ ငှားလို့ရလောက်ပြီ
နောက်မို့ဆို ငှားမယ့်ကိစ္စနဲ့တွေ့ပြီးစကားပြောနေရဦးမှာ

အင်း ""

""ဘယ်လိုလဲ သမု ခွင်းအခြေအနေက

အိုကေတယ် ခွင်းဘက်ကငှားမယ့်သဘောမှာရှိတယ်

နေလင်းအကြံမဆိုးဘူးပဲ""

~~~~~~~~~~~~~~~~~~~~~~~~~~~

""ပြောနေဂုဏ်

မင်းကိုငါအကူအညီတောင်းစရာရှိတယ်

အေးဘာလဲ

ခြံပိုင်ရှင်အမည်ခံပေးဖို့

ဟမ်

ခြံပိုင်ရှင်အမည်ခဏခံပေးကွာ
ငါ ညအတွက် ခြံငှားပေးချင်လို့

ဘာလို့လဲ

ညကအခုသင်တန်းဖွင့်ဖို့စီစဥ်နေတာ နေရာကဘယ်လိုမှရှာမရဘူး
ငါ့ခြံက ပန်းချီသင်တန်းဖွင့်ဖို့အတွက် လုံးဝအဆင်ပြေတယ်
ညက ငါနဲ့ မပက်သက်ချင်တာဆိုတော့ ဒီခြံကိုမငှားဘူး

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now