Part-20

51 1 0
                                    

မနက်တိုင်း ပုံမှန်လည်းဒီလိုအတူတူကျောင်းသွားနေကြပါပဲ.....ဒီနေ့မှ နှစ်ယောက်ကြားတိတ်ဆိတ်နေသလို......စကားမပြောဖြစ်ပဲ....စက်ဘီးကိုသာ ဘေးချင်းကပ် အာရုံစိုက်နင်းနေကြတယ်။

ခွင်း ဂုဏ့်ကိုစကားဘယ်ကစပြောရမှန်းမသိဘူး.......ဂုဏ့်ဘက်ကစကားစမှပဲ ပြောတော့မယ်

ညရဲ့ပန်းချီကားလက်ဆောင်လေးကို သဘောကျကြောင်း ညကိုပြောပြချင်ပေမယ့် ညကလည်း ဘာမှပြောမလာတော့ သူ့ဘက်ကဘယ်လိုစကားစရမှန်းမသိဘူးဖြစ်နေတယ်........

(အစ်ကိုနဲ့အစ်မကလည်း အချင်းချင်း စကားစတာကို စောင့်ရင်း တစ်နေကုန်သွားဦးမယ်)

မထူးပါဘူး ဒီအတိုင်း သဘောကျတယ်ပဲပြောလိုက်တော့မယ်.......

"ည.......

ဟင်........

ဟိုလေ ငါ ညပေးတဲ့ပန်းချီကားလေးကို သဘောကျတယ် ငါမှန်ဘောင်လေးနဲ့သေချာသိမ်းထားတယ် သိလားည"

ဂုဏ့်ရဲ့စကားကိုကြားလိုက်ရတဲ့ ခွင်းတစ်ယောက် ကြည်နူးမှုလေးတစ်ခုစီးဆင်းသွားတယ်........

ဂုဏ်သဘောကျတယ်ဆိုလို့....ငါဝမ်းသာပါတယ်
ငါစိုးရိမ်နေတာ...ဂုဏ်သဘောကျပါ့မလားလို့လေ

ငါက ညပေးတဲ့ဘယ်အရာမဆို သဘောကျပြီးသားပါ....တန်ဖိုးလည်းထားတာမို့ ငါသဘောမကျမှာ စိတ်မပူပါနဲ့ ည

အင်း.....ကျေးဇူးပါ ဂုဏ်"

ခွင်းနဲ့ဂုဏ် စက်ဘီးရပ်နေတုန်း....ကျောင်းကိုအစောကြီးရောက်နေတဲ့ သမုနဲ့သွင်ထက်က မုန့်ထွက်ဝယ်ရင်း ခွင်းတို့ဆီ တည့်တည့်လျှောက်လာနေတယ်...

မင်းတို့အခုမှရောက်လာတာလား......

အေး ငါနောက်ကျနေတာနဲ့ ညပါနောက်ကျသွားတာ.....

သိပ်ပြီးလည်းနောက်မကျသေးပါဘူး
၇နာရီ ထိုးဖို့ ၁၅မိနစ်တောင်လိုသေးတယ်

တစ်ကယ်နောက်ကျနေတာက ခန့်ညားနဲ့နှင်းခက်

ငါတို့ဒီတစ်ပတ်ပိတ်ရက် ခွင်းတို့အိမ်မှာ စာစုလုပ်ရင် ဒီ၂ကောင်ကို အငိုက်ဖမ်းမေးရအောင်

အေးအဲ့အကြံကောင်းတယ် ငါတို့ကိုရှောင်ဖယ်ရှောင်ဖယ်နဲ့ တွေ့မယ်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now