Extra Part-1

49 1 0
                                    


" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-1✨🖤⚜️

"ည......အဲ့တာဘယ်သွားမလို့လည်း.....

ဟီးဟီး ဟို ရေသွားသောက်မလို့........

ဆိုဖာမှာပဲထိုင်နေ....ကိုယ်သွားခပ်ပေးမယ်....

ဟင့်အင်း ရပါတယ် ညကိုယ်တိုင်သွားသောက်မယ်...

မရပါဘူး ညအခုမီးဖိုချောင်ကိုသွားမလို့လုပ်နေတာဘာကြောင့်လဲဆိုတာ ကိုယ်သိတယ်နော်"

သူ့ချစ်ဇနီးလေး...သူမသိအောင် သရက်သီးခိုးစားဖို့တွေးနေတာ....မနက်က ခြံထဲမှာ သရက်သီးတွေကြွေကျလို့ ကောက်ပြီး ရေခဲသတ္တာထဲထည့်သိမ်းထားတာကို တွေ့ပြီး စားဖို့ချောင်းနေတာ....ရိုးရိုးစားရင်သူကျွေးပါတယ်...အခုကငရုတ်သီးမှုန့်နဲ့စားဖို့လုပ်နေတာဆိုတော့ အလွတ်ပေးလို့မရပါ....

"ဟွန့် ညကစားချင်လို့ပါဆို.....

ညကအခုကိုယ်ဝန်ဆောင်ထားရတာလေဗျာ....သရက်သီးကိုငရုတ်သီးနဲ့တို့စားတော့....အထဲက ကလေးလေးအတွက်မကောင်းဘူးလေ

ချဥ်ခြင်းတက်နေတာကို မောင်ရယ်....ညလည်းဘယ်စားချင်ပါ့မလဲ....

ဒီအတိုင်း စားမယ်ဆိုရင် ကိုယ်လုပ်ပေးမယ်

ဟင့်အင်းမစားချင်ဘူး
မောင့်ဘာသာစား"

မျက်နှာတော်ကညိုးသွားပြီ.....ချဥ်ခြင်းကလည်းတခြားအရာကိုတက်လို့ရတာပဲဟာ....တက်စရာရှားလို့သရက်သီးကိုမှငရုတ်သီးနဲ့စားချင်ရလား

"မေမေ.....မေမေရေ....

ဟိတ် မေမေ့ဆီပြေးမလာရဘူးလေ....မေမေက ကိုယ်ဝန်ဆောင်ထားရတာ.....ထိခိုက်မိလို့မဖြစ်ဘူး

ဟုတ် ဖေဖေ

မေမေ...."ယံယံ"က သားကို လိုက်စနေတယ်
သားမကြိုက်ပါဘူးဆိုမှ

ဟုတ်လား သားငယ်

ဟီးဟီး သားက ကိုကြီးကိုချစ်လို့လိုက်စတာပါ

ညီလေးကသားကိုချစ်လို့လိုက်စတာတဲ့

သားက အငယ်လေးမွေးလာရင် သားထိန်းမှာလို့ပြောတာကို..."ယံယံ"က သူပဲထိန်းမှာတဲ့သားကိုပေးမထိန်းဘူးတဲ့

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Tempat cerita menjadi hidup. Temukan sekarang