Part-25

48 1 0
                                    

"ခိုင်ခိုင်ရေ

ရှင် မေမေကြီး

ငါ့မြေးငယ်ရော

အပေါ်ထပ်က အခန်းထဲမှာ စာကျက်နေပါတယ်မေမေကြီး

ဒီကလေးကတော့ အမြဲ စာကြည့်ရင်ကြည့် မကြည့်ရင် ပန်းချီဆွဲနေတာပဲ......အာရုံကြောတွေထိတော့မယ် အဲ့ဟာတွေပဲလုပ်နေတာ......နည်းနည်းပါးပါး နားမယ်မရှိဘူး........."

ဒေါ်နံ့သာခွင်း တဗြစ်ဗြစ်တောက်တောက်ပြောရင်း
မြေးငယ်ရှိရာ အပေါ်ထပ်ကိုတက်လာခဲ့တယ်။

"ခွင်း မြေးငယ် "

ဟင် အဘွားအသံပါလား

"လာပြီ ဘွားရေ
ခဏလေးနော် "

"ဘွား သမီးကို ဘာခိုင်းစရာရှိလို့လဲဟင်

မရှိဘူး မြေးငယ်ပျောက်နေလို့......

အာ...သမီးက အခန်းထဲမှာ စာကျက်နေတာဘွားရဲ့....
အခုတည်းက ဘာသာစုံသေချာလေ့ကျင့်ထားမှ ၁၀လပိုင်း လူရည်ချွန်ဆုအတွက် စာမေးပွဲ ဖြေတဲ့အခါ အဆင်ပြေမှာ.........

စာကျက်တာလည်းကျက်ပေါ့တော်....
မြေးငယ်ကိုမတွေ့လို့ ခိုင်ခိုင့်ကို မေးလိုက်ရင် အခန်းထဲမှာ စာကျက်နေတယ်....ပန်းချီဆွဲနေတယ်....ဒါပဲ ကြားနေရတယ်

ဟီးဟီး.............

အခုပြီးပြီလား....စာကျက်တာက

ဟုတ် ပြီးပြီ ဘွား

ဒါဆို လာ
ဘွားနဲ့လိုက်ခဲ့

ရှင် ဘယ်သွားမလို့လဲဘွား

ဘယ်မှမသွားဘူး ခြံထဲမှာ ဘွားနဲ့ပန်းပင်တွေစိုက်ရအောင်.....
ဘွားမနေ့က ပျိုးခင်းထဲရောက်ခဲ့သေးတယ်
အပင်သစ်လေးတွေဝယ်လာခဲ့တာ

ဟုတ် ဘွားဘွား "

"ကဲ.....ဘွား
ဒီဘက်မှာက ဘာပင်ထပ်စိုက်ဦးမှာလဲ

အဲ့ဘက်က စားပင်လေးတွေစိုက်မှာ
အခုကညနေလည်းစောင်းပြီဆိုတော့
မနက်ဖြန်မှ ထပ်စိုက်မယ်

ဟုတ် ဘွား.....

ရေချိုးတော့ မြေးငယ်
ခဏနေ ညစာစားမယ်
ညဘက်ကိုတော့ စာမကြည့်နဲ့တော့
တနေကုန် ကြည့်ပြီးပြီ
အဘွားနဲ့TVလာကြည့်.....
ကြားလား

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now