Part-58

56 2 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-58

"ငါရောက်ပြီ မင်းတို့ကဘယ်မှာရှိနေတာလဲ

အေးဆေးပေါ့ ကိုနေရယ်
သက်ပြောပြမှာပေါ့.......
သက်အရမ်းကြိုက်တဲ့ဝိုင်လေးသောက်လိုက်ဦးမယ်နော်........

မင်း သောက်ရစ်မရှည်စမ်းနဲ့မေသက်လွင်

အိုးဟိုး....စိတ်ကိုအေးအေးထားမှပေါ့

သက် လူလွှတ်လိုက်မယ်....သူတို့ခေါ်တဲ့အတိုင်းလိုက်လာခဲ့"

"Boss

မင်းတို့ ဘာလို့ ငါ့နောက်ကလိုက်လာတာလဲ

Bossကိုစိတ်ပူလို့
ဖုန်းပြောပြီးတာနဲ့အရေးတကြီးမောင်းထွက်သွားတော့ စိတ်ပူလို့လိုက်လာခဲ့တာ

"တီး တီး

ကိုနေက စကားနားမထောင်ဘူးပဲ
တစ်ယောက်တည်းလာခဲ့ပါဆို ဘာလို့အဖော်တွေခေါ်လာတာလဲ
ကိုနေသိပ်ချစ်ရတဲ့ညကို သေစေချင်နေတာလား......

ငါခေါ်လာတာမဟုတ်ဘူး

ဟုတ်တယ် ကျွန်တော်တို့ဖာသာလိုက်လာတာ
Bossနဲ့မဆိုင်ဘူး

ဒါပေမယ့် ဘယ်လိုလုပ်မလဲ သက်ကစိတ်ထိခိုက်သွားရပြီလေ
အဲ့တော့.......
အား.....

ည.......
မင်းဘာလုပ်လိုက်တာလဲမေသက်လွင်....ညကိုဘာလုပ်လိုက်တာလဲ
ငါပြောထားပြီးသားနော် ညကိုထိခိုက်အောင်မလုပ်နဲ့လို့

ဘာလို့နားထောင်ရမှာလဲ..ညသံသရာခွင်းက သက်ရဲ့လက်ထဲမှာရှိနေတာလေ
သက်စိတ်ကြိုက်လုပ်လို့ရတယ်
ကိုနေဘက်ကအမိန့်တွေလာပေးလို့မရဘူး
နားလည်လား

နောက်ကလိုက်ခဲ့

သက်လွှတ်လိုက်တဲ့လူတွေရောက်နေပြီမလား
သူတို့နောက်ကအေးဆေးလိုက်လာခဲ့
မလိုက်လာရင်ဘာဖြစ်မယ်ဆိုတာသိတယ်နော်

မင်းပါးစပ်ပိတ်ထား....

Woww!!သိပ်ကြောက်ဖို့ကောင်းတာပဲ
ဟားဟားဟားဟား "

သူ့ကို တစ်ခန်းသပ်သပ်....ဝသုန်နဲ့ခန့်ညားတို့ကို တစ်ခန်းသပ်သပ်ခွဲထားတယ်
ဖုန်းထဲကနေကြားလိုက်ရတဲ့ညအသံကြောင့် သူ့မှာ ညဆီသွားချင်ပေမယ့် သူကိုယ်တိုင်က အဖမ်းခံထားရတဲ့အခြေအနေမှာရှိနေတယ်.......
တစ်ကယ်ကိုဆိုးရွားလွန်းတဲ့အခြေအနေပဲ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now