နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5

66 1 0
                                    

ခန့်ညားတို့အိမ်မှာစာစုကျက်ပြီး ခန့်ညားမိဘတွေကိုခွင့်တောင်းကာ အိမ်မပြန်ခင် မုန့်ဝင်စားဖို့တိုင်ပင်ထားတယ်။

ခွင်းတို့လမ်းဘက်ကိုမကွေ့ခင် အေးရိပ်ငြိမ်လမ်းထောင့်မှာ မုန့်တီဆိုင်တစ်ဆိုင်ရှိတယ်။ထိုဆိုင်မှာ သူတို့သူငယ်ချင်းတစ်စု မုန့်ဝင်စားကြတယ်။

"အန်တီနုရေ သားတို့ကို ငါးဖယ်နဲ့မုန့်တီ၆ပွဲချပေးပါ

သြော် နေလင်း မင်းရောမုန့်တီသောက်တယ်မလား
ငါကမင်းပါသောက်မယ်ထင်ပြီး ၆ပွဲမှာလိုက်တာ

အေးသောက်တယ်လေ

ဟုတ်ပြီ ၆ပွဲချပေးအန်တီနု

အေးအေး တုတ်ထိုးရောစားကြဦးမှာလားသားတို့

ဟုတ်ကဲ့ သားတို့လာယူမယ်အန်တီနု

အေးအေး စိတ်ကြိုက်လာရွေးယူလိုက်

ဟုတ်ကဲ့

သူနဲ့ခန့်ညားက ဝိုင်းမှာထိုင်ကျန်နေခဲ့တာ။ဟိုအစားပုတ်တွေကတော့ ဆိုင်ရှင်အန်တီကြီးအနားက တုတ်ထိုးဗန်းထဲက သူတို့စားမယ့်အရာတွေရွေးယူနေတယ်။

ညကတော့ ဘာထပ်မှာနေတယ်မသိ၊အန်တီကြီးနားကပ်ပြီး တိုးတိုးနဲ့ကပ်ပြောနေတယ်။

"ကဲ ရပါပြီ ဒီဘက်ကသားက အသစ်ပြောင်းလာတာထင်တယ်
အန်တီ့ဆိုင်မှာ ဒီအုပ်စုက အမြဲမုန့်တီသောက်နေကြလေ၊သားကိုက အခုမှ မြင်ဖူးတာဆိုတော့ အန်တီကမေးကြည့်တာ

ဟုတ်တယ် အန်တီနု သားတို့ကျောင်းကိုဒီနှစ်မှပြောင်းလာတာလေ သားတို့နဲ့အတန်းအတူတူပဲ

သြော်............"

အန်တီကြီးက ခေါင်းညိတ်ကာ

"စားကြ ကလေးတို့ လိုတာရှိရင်ပြော အန်တီလာချပေးမယ်။

ဟုတ်ကဲ့ "

ခုနလေးတင် ဟင်းရည်အိုးနားရောက်သွားတဲ့အန်တီကြီးက သူတို့ဝိုင်းကို ငါးဖယ်ကိုငရုတ်သီးများများနဲ့သုတ်ထားတဲ့အသုတ်တစ်ပွဲလာချပေးတယ်။

"အန်တီနု သားတို့မမှာထားဘူးလေ

ည မှာထားတာမလား ခုနကအန်တီကြီးအနားကပ်ပြီးမှာနေတာတွေ့တယ်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now