Part-61

46 1 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-61

"Boss....Bossပြင်ဦးလွင်ကိုသွားတာ...ဒီတစ်ပတ်ထဲမှာ ၅ခေါက်ရှိပြီနော်....ရန်ကုန်နဲ့ပြင်ဦးလွင် ဒီလောက်ဝေးတာ....Bossပဲသွားနိုင်လွန်းတယ်....

ဟေ့ရောင် ငါ့ချစ်သူရှိတဲ့နေရာငါသွားတာကွာ...မင်းကဘာဖြစ်နေတာလဲ....

ပိုက်ဆံနှမြောလို့ပါ....Bossရဲ့ဝင်ငွေထွက်ငွေစာရင်းမှာဆိုရင် ထွက်ငွေက ကားဆီဖိုးနဲ့တင်တော်တော်ကုန်နေပြီ......

ကုန်ပါစေ ငါအကုန်ခံနိုင်လို့ငါသွားတာ ကြားထဲကမင်းကအဘွားကြီးကျနေတာပဲ...ပွစိပွစိနဲ့....

အစ်မက Bossအခုလိုခဏခဏလာနေတာဘာမှမပြောဘူးလား......

ပြောတာပေါ့....

အစ်မလည်းတော်တော်စိတ်ညစ်နေရမှာ...Bossအခုလိုလုပ်ပုံနဲ့.....

ဟေ့ရောင် ဝသုန် မင်းငါ့အနားလာပြီးစကားလာများနေတာ....လစာဖြတ်ခံချင်နေတာလား...

Bossကလည်း....တစ်ခုခုဆိုလစာဖြတ်မယ်ဆိုတာချည်းပဲ....

မင်းကအချိုးမပြေတာတွေလာလုပ်နေတာကို...
ငါခိုင်းထားတာတွေရောလုပ်ပြီးပြီလား...

ပြီးပြီBoss

ဒါဆို ပန်းဆိုင်ကနေ နှင်းဆီပန်းအဖြူလေးတွေကို လှလှလေးစည်းထားတဲ့ပန်းစည်းတစ်စီးသွားမှာလာခဲ့

ဘယ်သူ့အတွက်လဲ Boss"
သူ့မေးခွန်းအဆုံးမှာ စားပွဲပေါ်မှာ ရှိသည့် တစ်သျှူးဘူးနဲ့ ကောက်ပေါက်ပါတော့သည်

"ငတုံး ဘယ်သူ့အတွက်ရှိရမှာလဲ...ညအတွက်ပေါ့....

ရိုးရိုးဖြေလည်းရရဲ့သားနဲ့...ကိုယ့်တပည့်ကိုတစ်သျှူးဘူးနဲ့ကောက်ပေါက်စရာလားဗျ

မိကျောင်းသားလေး...မင်းအခုငါ့အခန်းထဲကထွက်သွားပြီး ပန်းစည်းသွားမှာတော့....မဟုတ်ရင် ငါမင်းကို ထလုပ်မိတော့မယ်....

သွားမှာပါဗျ...."
Bossက အချစ်ကိုပြန်လည်ပိုင်ဆိုင်ရတော့ နည်းနည်းလေးလွတ်သွားတဲ့ပုံပါပဲ( နေဂုဏ်ရှိန်လင်းသာကြားရင် နင်နာပြီပဲ ဝသုန်)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now