#9.Music

53 13 0
                                    

သီချင်းနားထောင်ခြင်းက ရတဲ့ အကျိုးကျေးဇူး (၇) ခု
--------

သီချင်းတွေဟာ ဘဝမှာ အရေးပါပါတယ်။
သီချင်းနားထောင်လို့ ရရှိမယ့် အကျိုးကျေးဇူးတွေကတော့..

၁။ ပျော်ရွှင်စရာ အတိတ်ဟောင်းတွေကို ပြန်သတိရတယ်

ကလေးဘဝက သီချင်းတစ်ပုဒ်ကို နားထောင်တဲ့အခါ ကလေးဘဝကို ပြန်သတိရပြီး ပြုံးမိတတ်ကြတယ် မဟုတ်လား။

၂။ အာရုံစူးစိုက်မှု ကောင်းတယ်

သီချင်းနားထောင်တဲ့အခါ သေချာဂရုစိုက်နားထောင်ရတယ်။ အထူးသဖြင့် တူရိယာတစ်ခုခုကို တီးခတ်နည်း သင်ယူနေချိန်မျိုးပေါ့။ အဲဒီလို အာရုံစူးစိုက်မှု နေ့စဉ် လုပ်ရင် အလုပ်မှာ၊ ကျောင်းမှာ စသဖြင့် ဘယ်နေရာပဲဖြစ်ဖြစ် အာရုံစူးစိုက်မှု မြင့်မားလာတာကို သတိထားမိလိမ့်မယ်။

၃။ လေ့ကျင့်ခန်းလုပ်ရာမှာ အကူအအညီဖြစ်တယ်

တက်ကြွတဲ့ သီချင်းတွေကို နားထောင်ရင် အားအင်တွေ ပြန်ပြည့်လာတဲ့အတွက် သီချင်းဖွင့်ပြီး လေ့ကျင့်ခန်းလုပ်ရင် ပိုထိရောက်ပါတယ်။

၎။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတယ်

အလုပ်မှာ စိတ်ဖိစီးမှုတွေများတဲ့အခါ ကိုယ်နှစ်သက်တဲ့ သီချင်းလေးတွေ နားထောင်လိုက်ရင် သက်သာပါတယ်။

၅။ နာကျင်မှုကို လျော့ပါးစေတယ်

နာကျင်မှုဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ လူနာတွေကို ညင်သာတဲ့ တေးသီချင်း ဖွင့်ပေးထားလိုက်ရင် နာကျင်မှုကို သက်သာစေတယ်လို့ လေ့လာတွေ့ရှိချက်တစ်ခုက ဆိုပါတယ်။

၆။ နှလုံး ကျန်းမာရေးကောင်းမွန်စေတယ်

ဂီတဟာ စိတ်ရဲ့ဆေးတစ်ခွက်လို့ ဆိုကြပါတယ်။ ဂီတကို ပုံမှန်နားထောင်တဲ့သူတွေရဲ့ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းဟာ နားမထောင်တဲ့သူတွေထက် ယေဘုယျအားဖြင့် ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။

၇။ အိပ်ပျော်စေတယ်

သာယာညိမ့်ညောင်းတဲ့ တေးသီချင်းတွေက လူကို ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။ ကလေးငယ်လေးတွေအိပ်ပျော်စေချင်ရင် သီချင်းဆိုသိပ်ရသလိုပဲပေါ့။

#Credit to O.W
#Duwun

Secrets of LIFE(Complete)Tahanan ng mga kuwento. Tumuklas ngayon