#84.စိတ်ဝင်စားနည်း

28 3 0
                                    

အာရုံ စူးစိုက်နည်း (သို့ ) စိတ်ဝင်စားနည်း
++++++++++++++++++++++++++

အင်တာနက်တို့ Wifi တို့ ခေတ်စားလာခြင်း၊ လက်ကိုင်ဖုန်း အသုံးများလာခြင်း၊ face book ၊ Viber ၊ ဂိမ်းမျိုးစုံ၊ ကင်မရာ စသည် တို့ကို ကွန်ပြူတာ၊ အိုင်ပက်၊ လက်ကိုင်စမတ်ဖုန်း တို့ ဖြင့် အလွယ်တကူ အသုံး ပြုလာနိုင်ခြင်းတို့ဟာ အိုင်တီခေတ်ကြီးရဲ့ အံမခန်း တိုးတက်မူ လို့ ဆိုရပါမယ်။
အကောင်းအဆိုး အမြဲ ဒွန်တွဲတတ်တဲ့အလျှောက် အကျိုးဆက်ကတော့ အာရုံစိုက်မူ၊ ထဲထဲဝင်ဝင် စိတ်ဝင်စားမူစွမ်းရည် လျှော့နည်းလာပါတော့တယ်။
ကျနော်ဆိုရင် စာအုပ်တစ်အုပ်ကို စိတ်ရှည်ရှည်နဲ့ ပြီးဆုံးအောင်ဖတ်ရူ့နိုင်တဲ့ စိတ်ရှည်မူ့မျိုးတောင်မှ မရှိတော့သလို ခံစားလာရပါတယ်။ အဲဒါနဲ့ အာရုံစူးစိုက်မူ့ နည်းလမ်းကို စဉ်းစားလာပြီး စာအုပ်တွေကို လျှောက်လှမ်လှော်ကြည့်တော့ အောက်ပါနည်းလမ်းများကို တွေ့ရှိရပါတယ်။ အခြားသူများလည်း ကျနော်လို ဖြစ်ရင်ဖြစ်မှာပဲ ဆိုတဲ့ အသိမျိုးနဲ့ ရေးသားဝေငှ လိုက်ရပါတယ်။

၁။ အာရုံစူးစိုက်ခြင်းဟာ အရည်အချင်းတစ်မျိုးဖြစ်တယ်ဆိုတာ လက်ခံခြင်း။

သင်တစ်ခုခုကို စိတ်ဝင်စားပြီး ထဲထဲဝင်ဝင် စိတ်နှစ်ပြီး အလုပ်လုပ်ဖူးပါသလား၊ အဲလိုလုပ်တဲ့ အချိန်အတောအတွင်းမှာ ပြင်ပကမ္ဘာတစ်ခုလုံး ပျောက်ဆုံးသွားသလိုပါပဲ။ အမှန်တော့ ဒါမျိုး ထဲထဲဝင်ဝင် ကိုယ်ရောစိတ်ပါ စိတ်ဝင်စားမူ မျိုးဟာ ရှားပါးတဲ့ အရည်အချင်းတစ်မျိုး တောင် ဖြစ်လာနေပါပြီ။ ဒီအာရုံစူးစိုက်မူမျိုးဟာ အလုပ်ကို ကောင်းမွန်ထိရောက်စွာ ပြီးမြောက်စေတဲ့ အပြင် စိတ်ဖိစီးမူ ကိုလည်း သက်သာစေနိုင်ပါတယ်။

၂။ တစ်ကြိမ်လျင် အလုပ်တစ်ခုတာ လုပ်ကိုင်ခြင်း။

အလုပ်တစ်ခု ကို ရွေးချယ်လိုက်ပြီဆိုရင် အာရုံစိုက် စိတ်ဝင်စားရပါမယ်။ ဥပမာ စာတစ်အုပ်ဖတ်နေတယ်ဆိုရင် အခြားစာအုပ်ကို လွယ်လွယ်နဲ့ မပြောင်းလဲဖို့ လိုပါတယ်။ လက်ထဲကအလုပ်တစ်ခု မပြီးသေးဖူးဆိုရင် လူမူ့ရေး ကွန်ယက်တွေကို လွယ်လွယ်နဲ့ မဖွင့်ကြည့်မိဖို့ လိုပါတယ်။ ဒီလို အလုပ်ကို ဦးစားပေးလုပ်တတ်တဲ့အကျင့်ဟာ အာရုံစူးစိုက်မူကို ရရှိစေပြီး အလုပ်ကို ပိုမိုအောင်မြင်စေနိုင်ပါတယ်။

Secrets of LIFE(Complete)Onde as histórias ganham vida. Descobre agora