#92.Important

16 3 0
                                    

ဘ၀မှာအရေးကြီးဆုံးသောအရာ
+++++++++++++++++++++++

ဘ၀အချက်လက်အတွေ့ကြုံများကို မှန်မှန်ကန်ကန် သုံးသပ်မနှိုင်းချိန်လို့
ဘ၀အခက်ခဲများထွေပြားရ၏....။

လူအများစုသည် ဘ၀မှန်တရားများကို ရင်မဆိုင်လိုကြ
စိတ်ကူးယဉ်အိပ်မက်တို့ရှောင်လွဲနေလိုကြ၏။

ခေတ်သစ်လူနေမှု့စနစ်တွင် သက်တောင့်သက်သာ ချမ်းသာစွာ နေနိုင်ဖို့
ငွေလိုသည် မှန်သော်လည်း ငွေဖြင့် ပြဿနာအားလုံးကို မဖြေရှင်းနိုင်။

လိုချင်မှု့တဏှာနှင့်မုန်းတီးမှု့ဒေါသတို့၏စွမ်းအားများကိုကျွမ်းကျင်စွာမထိမ်းချုပ်နိုင်လျှင်
မပျော်ရွှင်ဖွယ်အတွေ့ကြုံများနှင့်ဆုံတွေ့ရမည်။

ကမ္ဘာမြေကြီးသည် လူသားအားလုံးတွက် ပြည့်စုံလုံလောက်ပါ၏
သို့သော်...လူတစ်ယောက်၏ တဏှာကိုဖြည့်ပေးရန်
မလုံလောက်ပါ...။

တစ်ကိုယ်ကောင်းဆန်ခြင်းသည် လူမျိုးနွယ်၏ အကြီးကျယ်ဆုံး ကျိန်စာဖြစ်၏၊
ကိုယ်ကျိုးအတ္တကြောင့် ဘ၀ပြဿနာများ
တိုးပွားလာရ၏။

စိုးရိမ်ကြောက်ရွံ့မှု့ မကျေနပ်မှု့တို့၏ အရင်းမူလကို
ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်နိုင်လျှင်
တိုက်ပွဲတစ်ဝက်အောင်မြင်ပြီးဖြစ်၏။

ကမ္ဘာမြေထုတမျှ ချီးမွမ်းထိုက်သည့် အပြုံးကား
နာကျည်းမှု့မျက်ရည်များကြားမှ တောက်ပလာသောအပြုံးပါတည်း။

#Credit to O.W
#ဒေါက်တာမင်းတင်မွန်

Secrets of LIFE(Complete)Where stories live. Discover now