#98.Only U

18 3 0
                                    

'' လောက '' မှာ
ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း ...... '' ကိုယ်ပါပဲ ''
ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း ...... '' ကိုယ်ပါပဲ ''
ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း ...... '' ကိုယ်ပါပဲ ''
ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း ...... '' ကိုယ်ပါပဲ ''
.
'' အဓိက '' က ကိုယ့်ရဲ့ '' စိတ် '' ပါပဲ
စိတ်ဆိုတာ အရမ်းကြောက်ဖို့ကောင်းပါတယ်။
'' စိတ် ''ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့ '' ဆေးတစ်ခွက် '' ဖြစ်နိုင်ပြီး ...... မကောင်းတဲ့ '' စိတ် ''တွေ ထားမယ်ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ '' ဘေး '' အန္တရာယ် တစ်ခု ဖြစ်သွားနိုင်ပါတယ် ......
ကဲ့ ...... အဲ့တော့ အရေးအကြီး ဆုံးက ... မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့ နဲ့ တန်ဖိုး ရှိအောင်နေထိုင်ဖို့ ပဲ မဟုတ်လား......
.
ဥပမာ - ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ
သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ '' အပူဒဏ် ''ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ ......
သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ် ......
ဒီလိုပဲ ...... သင်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ
ပိုကြီးထွားလာပြီး ... သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ......
ဒါတွေကို မတွေးတော့ပဲ ... ဖြေရှင်းဖို့ နည်းလမ်းရှာမှသာ .........အဆင်ပြေမှာပါ ......
.
တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ် တစ်ချို့က ချစ်သူရည်းစားအတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာအတွက်
အစရှိတယ် ...... စိတ်ညစ်မှုမျိုးစုံပေါ့....
ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ......
ကိုယ်ကိုယ်ကို
''ပြစ်ဒဏ်'' ပေး အကျဉ်းချနေတာပါ ......
''အဓိက'' ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာဖို့ ပါပဲ
''အကျိုးရှိရင် အကြောင်းရှိသလို''
အခက်အခဲ ရှိရင် ဖြေရှင်းလို့ ရမယ့် နည်းလမ်းဆိုတာရှိစမြဲပါ ...
သင်တို့ လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း စိတ်ညစ်ဖူးမှာပါ
ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ ဖြစ်သွားတာပဲလေ ......
အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ ......
အပျော်တွေနဲ့ပဲ နေပါ / အပျော်တွေကို ဖန်တီးပါ / စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ ......
.
''လောက'' ကြီးက '' စိန်ခေါ်မှု'' တွေ အရမ်းများတယ် ...... ဆုံးရှုံးမှု့ဒဏ်တွေ / ဝမ်းနည်းကြေကွဲမှု ဒဏ်တွေ / ကို သင်မခံနိုင် ရင် '' စိန်ခေါ်မှု့'' တွေ များတဲ့ '' လောက'' ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မလည်း .........??? စဉ်းစားပါ
.
''ကိုယ့်ကိုယ်ကို'' သေကြောင်းကြံတဲ့ နည်းနဲ့ ဖြေရှင်းမှားလား ......??
ဒါဆို သင် '' လုံလောက်တဲ့ '' ရင့်ကျက်မှု့မရှိသေးလို့ ဆိုတာ မမေ့ပါနဲ့
.
"လုံလောက်တဲ့ ရင့်ကျက်မှု့ရှိသူတိုင်းဟာ'' ကိစ္စတိုင်း ''ကို ထည့်တွက်မနေကြပါဘူး။
.
''ပူလောင်မှု'' ကိုခံစားနေရတယ် ဆိုတာ ''မေတ္တာ'' စိတ်မရှိလို့ ပါ
ပြီးတော့ ''အတ္တ'' စိတ်ကြီးနေတာ မိမိ ကိုယ် မိမိ ချစ်တာ / မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ / မိမိ မာန ကို ''ရှေ့ တန်း ''တင်ပေးနေတာ
ဒီတော့ ဒါတွေမဖြစ်အောင် / သင်စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင် ...... ဒီလိုစိတ်ထားကြည့်ပါ .........
.
{ ၁ } ခွင့်လွှတ်နားလည်ပေးကြည့်ပါ
{ ၂ } ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ
{ ၃ } အကောင်းမြင်စိတ်လေးနဲ့ အကောင်းမြင်ပေးပါ ......
.
အရင်ငြိမ်းချမ်းသွားမှာက သင်ပါ
လူတစ်ယောက်ရဲ့ ''အမှား''ကို မေ့ပစ်ခြင်းဟာ လည်း
အကောင်းဆုံး ''ကလဲ့စား'' ချေခြင်းတစ်မျိုးပါပဲ ......
.
''ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ'' တဲ့
မိုးလည်း ( ၁၂ ) ရာသီ လုံးလိုက်မရွာ နိုင်ပါဘူး ...
.
"မုန်တိုင်း'' ပြီးရင်တော့ ''လေပြေ'' ရောက်လာစမြဲပါ ......
.
''အကောင်းဆုံး'' တွေ လာဖို့  အဆိုးတွေ အရင် လာလည်တာပါ ......
.
''နေရိပ်'' ကို လိုချင်လို့ နေပူထဲ ရပ်စောင့်နေရပါလားလို့ အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ။
.
ငါ ''ပေ" ဖြစ်နေလို့ ခံနေရတာ ''တူ'' ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ် မွေးကြည့်ပါ...
.
လူဘဝ ဆိုတာ တကယ်တော့ ''ခဏတာ'' လေးပါ အဲ့ထဲမှာ
သင်က ......
ထမင်းစားဖို့ အသက်ရှင်နေတာလား ......?
အသက်ရှင်ဖို့  ထမင်းစားနေတာလား ...... ?
ဆိုတာ အရင်တွေးပါ .......
.
''ကာဗွန် '' ချင်း တူရင်တောင် မီးသွေး အဖြစ်မခံပါနဲ့ ......
တန်ဖိုးရှိတဲ့ '' စိန် '' ပဲ ဖြစ်အောင်ပဲကြိုးစားပါ ......
.
သင်အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေဆက်ရှာပါ / အမြဲမပြတ် လေ့လာပါ / သင်ယူပါ /
.
ပြီးတော့ လူသားတွေ ကို အကျိုးပြု နိုင်တဲ့ '' ပရဟိတ '' တွေများများလုပ်ပါ
များများလှူပါ / ကူညီပါ / ဖေးမပါ / စိတ်ကောင်းထားပါ / "ရိုးသားစွာ" ကြိုးစားပါ ......
.
ကဲ .... ဒါဆို သင် ဘဝတစ်ခုလုံးအတွက် "တန်ဖိုး" ရှိစွာနေထိုင်နိုင်တဲ့ '' လူ '' တစ်ယောက်ဖြစ်သွားနိုင်ပါပြီ

============

ဒီလိုစာမျိုး ရေးနိုင်အောင် / တွေးနိုင်အောင် သင်ပေးခဲ့ တဲ့ / သင်ဆရာ ... မြင်ဆရာ ... ကြားဆရာ နှင့် အတွေ့အကြုံ များကို အထူးကျေးဇူးတင်လျှက်ပါ .........
__________________

#Credit to O.W

Secrets of LIFE(Complete)Where stories live. Discover now