#81.ရတာမလို လိုတာမရ

10 3 0
                                    

ဆင်းရဲသွားတဲ့လူက
ပိုက်ဆံရဲ့တန်ဖိုးကို ပိုနားလည်တယ်

မိဘမဲ့တဲ့လူက
မိဘရဲ့တန်ဖိုးကို ပိုနားလည်တယ်

နာမကျန်းဖြစ်တဲ့လူက ကျန်းမာခြင်းရဲ့တန်ဖိုးကို ပိုနားလည်တယ်

ဗရမ်းဗတာ အုပ်ချုပ်မှု
အောက်မှာ နေရတဲ့လူက ခေါင်းဆောင်ကောင်းတယောက်ရဲ့
တန်ဖိုးကို ပိုနားလည်တယ်

အချစ်စစ်ကို ပိုင်ဆိုင်ခွင့်ရခဲ့ပေမယ့်
လက်လွတ်ဆုံးရှုံးလိုက်ရသူက
အချစ်စစ်ရဲ့ တန်ဖိုးကို ပိုနားလည်တယ်

တကယ်ဆို . . .
ဆုံးရှုံးလိုက်ရမှ
တန်ဖိုးကို ပိုနားလည်မယ့် အစား
ပိုင်ဆိုင်ခွင့်လေးရတုန်း တန်ဖိုးထားမယ်ဆို
ပိုပြီး မကောင်းဘူးလား . . .

အချိန်မလွန်ခင် တန်ဖိုးထားနိုင်ကြပါစေ . . .

#Credit to O.W
#ပိုးဟပ်ဖြူ ( Heart Canteen )

Secrets of LIFE(Complete)Where stories live. Discover now