သူ့ကို မမေ့နိုင်သေးရင်..
□□□□□□□□□□□□□အချိန်တွေကြာလာတဲ့အထိ သူ့ကိုမေ့ပျောက်မရသေးဖူးဆိုရင်... ဘဝသစ်ကို စတင်သင့်နေပေမယ့် သူဟာ အခုချိန်ထိ ကိုယ့်အတွေးနဲ့ ခံစားချက်တွေထဲ ရှိနေရင်...
အမြဲအလိုလို မဟုတ်တော့ရင်တောင် တိုက်ဆိုင်လို့ တွေးမိလိုက်တိုင်း ရင်ဘတ်တွေ အောင့်နေရင်...
သူ့ကို မမေ့နိုင်သေးရင် သတိရလိုက်ပါ။ ဒါပေမယ့် ပြန်ပြီးတော့ တမ်းတမနေပါနဲ့တော့။ တစ်ခါတစ်လေကျ မဖြစ်နိုင်တော့တဲ့ တမ်းတစိတ်တွေဟာ ပင်ပန်းလွန်းလှပါတယ်။၁။ "အပြင်ထွက်ပါ။"
ဒီလိုအချိန်မျိုးမှာ ကိုယ်ဘယ်မှ မသွားချင်ပါဘူး။ တစ်ယောက်တည်း နေလိုစိတ်များနေသလို၊ တစ်ကိုယ်တည်းပဲ နေချင်ပါတယ်။ အပြင်သွားလိုက်လို့ သူနဲ့အတူသွားခဲ့ဖူးတဲ့
နေရာတွေက အမှတ်တရတွေကို သတိရလိုက်မိရင် ထပ်ပြီး နာကျင်မိမှာကိုလည်း ကြောက်ပါတယ်။ ဒါပေမယ့် တကယ်တော့ ဒီစိတ်တွေနဲ့ ဘယ်မှမသွားဘဲ အိမ်တွင်းအောင်းနေတာ
ပိုဆိုးစေပါတယ်။ အိမ်မှာနေတော့ အားလပ်ချိန်ရပါတယ်။ အားလပ်ချိန်ရတော့ ကိုယ့်ကို စိုးမိုးထားတဲ့လူအကြောင်း တွေးမိတာ မစမ်းပါဘူး။ ဒီတော့ အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်၊ ကိုယ့်စိတ်
မွန်းကြပ်မှုတွေ ဖြေလျော့ဖို့ပဲဖြစ်ဖြစ် အပြင်လေးဘာလေးထွက်ပါ။၂။ "အလုပ်ကို အာရုံစိုက်။ ကျောင်းသင်ခန်းစာတွေ အာရုံစိုက်။ ဘဝကို အာရုံစိုက်"
လွမ်းဆွတ်လို့ မောဟိုက်မှုတွေ ခံစားရတဲ့အခါ စိတ်ကျတတ်ပါတယ်။ ဒီ စိတ်ကျမှုဟာ ကိုယ့်ဘဝနဲ့ ကျန်းမာရေးကို ကိုယ့်ခေါင်းထဲမထည့်ချင်ရလောက်အောင် ကိုယ့်ကိုယ်ကို
လျစ်လျူရှုလိုက်တတ်ပါတယ်။ နာကျင်ကာစ သွေးပူနေတဲ့အချိန်မှာ ဖြစ်တာ မဆန်းပေမယ့် အချိန်တွေကြာလာတဲ့အထိ စိတ်ကျနေတုန်းပဲဆိုရင်တော့ ကိုယ့်ကိုယ်ကို ဆန်းစစ်သင့်ပါပြီ။
သူ့ကြောင်း စဉ်းစားနေတာတွေ လျော့ပြီး ကိုယ့်ဘဝကို အာရုံစိုက်ပါ။ သူကိုယ့်အနားမရှိတော့ပေမယ့် ကိုယ်ဖြတ်သန်းရဦးမယ့် ဘဝကြီးကျန်ပါသေးတယ်။ သူနဲ့အတူ မဖြတ်သန်းရတော့ပေမယ့်
သင် မဖြစ်မနေဖြတ်သန်းရမယ့် ဘဝကြီး ရှိတာ မမေ့ပါနဲ့။ စိတ်ချပါ...။ လူတိုင်း ဒီလိုအခြေအနေကို အောင်အောင်မြင်မြင် ဖြတ်ကျော်ဖူးပါတယ်။
YOU ARE READING
Secrets of LIFE(Complete)
Randombook about life knowledge myan sub Author-Miki Black