#63.For Teen

27 6 0
                                    

ဆယ်ကျော်သက်လူငယ်များအတွက်..
***************************

မိဘတွေရဲ့ အသိုက်အမြုံဟာ နွေးထွေးစေပါတယ်။ လုံခြုံမှုကိုလည်း ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီအသိုက်အမြုံလေးထဲမှာပဲ အမြဲတမ်း နေထိုင်သွားလို့မရပါဘူး။ မွေးရာပါ ပါလာတဲ့ အတောင်နှစ်ဖက်ကိုကောင်းကောင်းကြီး အသုံးချရပါမယ်။
.
တစ်ချိန်ကျရင် လုံခြုံလှပါတယ်ဆိုတဲ့ ဒီအသိုက်အမြုံကို စွန့်ခွာရမယ်။ တစ်ချိန်ကျရင် ကြမ်းတမ်းလွန်းလှပါတဲ့ ဘဝဆိုတဲ့ ခရီးရှည်ကြီးကို တစ်ကိုယ်တည်း ပျံသန်းရမယ်။ တစ်ချိန်ကျရင် ကိုယ်ပိုင်အသိုက်တစ်ခုကို ဆောက်နိုင်တဲ့အထိ
သန်မာကြံ့ခိုင်ရမယ်။
.
အနာဂတ်ဆိုတာ အသိုက်ရဲ့အပြင်မှာရှိတဲ့ ကောင်းကင်ကြီးပါ။ ကျယ်ပြောတယ်။ အဆုံးအစ မဲ့တယ်။ အောင်မြင်မှုတွေ ရှိတယ်။ ကျရှုံးမှုတွေရှိတယ်။ အထူးသဖြင့် လူပြောများတဲ့ အန္တရာယ်တွေရှိတယ်။
.
အချိန်တန်ရင် အသိုက်ထဲက ထွက်ပြီး ကောင်းကင်ယံကို ပျံသန်းရပါမယ်။ အတောင်သန်မာတဲ့သူတွေက အမြင့်ဆုံး ပျံသန်းလိမ့်မယ်။
အတောင်အားနည်းတဲ့သူတွေက အနိမ့်မှာ ပျံသန်းလိမ့်မယ်။ ဒါပေမယ့် သေချာပါတယ်။ အမြင့်မှာပျံတဲ့သူက မောပန်းကောင်းမောပန်းလိမ့်မယ်၊
သူတို့မှာ အန္တရာယ်နည်းလိမ့်မယ်။ အနိမ့်မှာ ပျံမယ့်သူကတော့ ပြောလို့မကုန်နိုင်တဲ့ အန္တရာယ်တွေကို လူးလှိမ့်နေအောင် ခံရလိမ့်မယ်။
.
ဘာပဲပြောပြောပါ။ သေချာတာတစ်ခုက တစ်နေ့ကျရင် အားလုံးကောင်းကင်မှာ ပျံသန်းကြရလိမ့်မယ်။ ဘယ်လိုပျံသန်းမလဲဆိုတာပဲ
ကွဲသွားမှာပါ..
_______________

#Credit to O.W
#ရွှေညာမောင်

Secrets of LIFE(Complete)Where stories live. Discover now