#50.For Brain

24 3 0
                                    

သင့်ဦးနှောက်ကို ဖွံ့ဖြိုးစေမယ့် အလေ့အကျင့်ကောင်းများ
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■

လူကျန်းမာမှ ခန္ဓာကိုယ်သန်စွမ်းပြီး အလုပ်တွေလုပ်နိုင်မှာ ဖြစ်သလို၊ စိတ်ကြည်လင်ပြီး ဦးနှောက်က သွက်သွက်လက်လက် အလုပ်လုပ်နိုင်မှလည်း
အတွေးအခေါ်သစ်တွေနဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဦးနှောက်အတွက် အထောက်အပံ့ဖြစ်စေတဲ့
အလေ့အထကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဖိစီးမှုတွေ ကင်းဝေဖို့ အိပ်ရေးဝအောင်အိပ်ပါ။
သင့်မှာ မိသားစုရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ အခြားအရေးအရာပေါင်းစုံတို့အတွက် စိတ်ဖိစီးမှုတွေရှိမှာပါ။ ဒီလို စိတ်ဖိစီးမှုတွေဟာ သင့်ရဲ့ဦးနှောက်
စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဖီစီးမှုတွေကို ဖြေရှင်းဖို့ နည်းပေါင်းများစွာ ရှိပေမယ့် အလွယ်ကူဆုံးနည်းကတော့ အိပ်စက်အနားယူခြင်းပါပဲ။
စိတ်သောကတွေကြောင့် အိပ်ရေးပါပျက်နေပြီဆိုရင်တော့ သင့်အတွက် စိတ်ကျန်းမာရေးရော၊ ကိုယ်ကျန်းမာရေးပါ ထိနေပါပြီ။
ဘယ်လောက်ပဲ စိတ်ညစ်စရာတွေရှိရှိ၊ သင့်ရဲ့ အိပ်စက်အနားယူချိန်ကို အပဲ့မခံပါနဲ့။

၂။ မနက်ခင်း နေရောင်ခြင်နဲ့အတူ နိုးထပါ။
မနက်စောစောထတတ်တဲ့သူဟာ ပိုပြီး စိတ်ကြည်လင်လန်းဆန်းတတ်တာ သဘာဝပါ။ မနက်ခင်းမှာ ခံစားရတဲ့ နေရောင်ခြည်နဲ့ ရှုရှိုက်ရတဲ့လေထုဟာ
ဘာနဲ့မှမတူပါဘူး။ မနက်ခင်းအလင်းရောင်အောက်မှာ လမ်းလျှောက်ခြင်း၊ ပြေးခြင်းလိုမျိုး လေ့ကျင့်ခန်းတွေ လုပ်နိုင်မယ်ဆိုရင်တော့ သင့်ကျန်းမာရေးအတွက်
အကောင်းဆုံးပေါ့။

၃။ ငါးကြီးဆီ စားခြင်း။
ငါးကြီးဆီဟာ ဦးနှောက်အဟာရဖွံ့ဖြိုးမှုအတွက် များစွာအထောက်အပံ့ပေးပါတယ်။ ငါးကြီးဆီပါတဲ့ Vitamin ဆေးများကို ပုံမှန်သောက်သုံးပေးပါက
ကိုယ်စိတ်ကျန်းမာခြင်းအပြင် အရွယ်တင်ခြင်းကဲ့သို့ အလှအပနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးများ ဖြစ်ထွန်းစေပါလိမ့်မယ်။

၎။ တရားထိုင်ခြင်း။
တစ်နေ့ကို မိနစ်အနည်းငယ် တရားထိုင်တဲ့အကျင့်ဟာ သင့်ရဲ့စိတ်ကို တည်ငြိမ်စေခြင်း၊ အေးချမ်းစေခြင်းအပြင် ဘဝကိုပါ ကျေနပ်ပျော်ရွှင်ခြင်းများ
ဖြစ်စေနိုင်ပါတယ်။ တရားထိုင်ခြင်းဟာ မှတ်ဥာဏ်ကို ပိုဖွံဖြိုးစေနိုင်သကဲ့သို့ ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာလည်း ပိုပြီးမှန်ကန်တိကျမှု ရှိစေပါတယ်။
အောင်မြင်တဲ့သူအများစုကလည်း တရားထိုင်ခြင်းလိုမျိုး စိတ်လေ့ကျင့်ခန်းတွေကို လုပ်လေ့ရှိကြပါတယ်။

၅။ အထူးအဆန်းများ ရှာဖွေခြင်း။
တစ်နေ့လည်း ဒီအလုပ်။ နောက်တစ်နေ့လည်း ဒီအလုပ်။ ကြာလာတဲ့အထိ စိတ်ခေါ်မှုနဲ့ အသစ်အဆန်းတွေမရှိရင် သင့်စိတ်တွေ ထိုင်းမှိုင်းလာပါလိမ့်မယ်။
ဒီလို ထိုင်းမှိုင်းမှုတွေနဲ့အတူ သင့်ဦးနှောက်ကျန်းမာရေးလည်း ထိခိုက်လာနိုင်ပါတယ်။ သင့်စိတ်အတွက် အခက်အခဲဖြစ်စေတာမျို၊ အသစ်အဆန်းဖြစ်စေတာမျိုး
တွေကို ရှာဖွေပြီး အမြဲမပြတ်လေ့လာနေသင့်ပါတယ်။ ဒါဟာ သင့်ဦးနှောက်ကို ကောင်းကျိုးတွေ သက်ရောက်စေပါလိမ့်မယ်။

#Credit to O.W
#ရွှေညာမောင်

Secrets of LIFE(Complete)Where stories live. Discover now