#100.life

31 3 0
                                    

“ဘဝ ”ဆိုတာဟာလည်း ရထားနဲ့ ခရီးသွားတဲ့ခရီးသည်လိုပါပဲ ဘူတာတွေ အသီးသီးရှိနေတယ် လမ်းကြောင်းတွေ အမျိုးမျိုး ရှိနေပြီး နောက်ဆုံး မတော်တဆမှု့တွေ အထိတောင်ရှိနေတတ်ပါတယ်  ကျွန်တော်တို့ဒီဘဝခရီးကို
စတင်မွေးဖွားကတည်းကစထွက်လာခဲ့ကြတာပါ  လက်မှတ်ဖြတ်ပေးလိုက်တဲ့သူတွေက တော့အမေနဲ့ အဖေတို့ပါပဲ။

ကျွန်တော်တို့ ယုံကြည်နေခဲ့တာ သူတို့ တွေဟာကျွန်တော်တို့နဲ့ အတူတူ ခရီးဆုံးတဲ့အထိလိုက်လာကြလိမ့်မယ်လို့ ထင်နေခဲ့ကြတယ်။ဒါပေမဲ့လဲ ..ဘူတာ တစ်ခုခုမှာ ရောက်တော့ မိဘနှစ်ပါးလုံးဟာ ဘဝရထားပေါ်ကနေ ဆင်းသွားခဲ့ကြပြီး ကျွန်တော်တို့ ကိုဒီခရီးကြီးမှာ  တစ်ယောက်တည်းထားပစ်ခဲ့ပါတော့တယ်။

အချိန်တွေကျော်လွန်သွားတဲ့အခါမှာ တစ်ခြားခရီးသည်တွေ အသီးသီးထပ်တက်လာ  တိုးပွားလာကြပြီး ကိုယ့်ရဲ့ ဘဝခရီးသွားဖော် သူငယ်ချင်းတွေ မိတ်ဆွေတွေ ညီအကိုမောင်နှမတွေ ကိုယ်ချစ်ရတဲ့သူတွေဖြစ်လာကြပါတယ်။

တစ်ချို့တွေလဲ လမ်းတစ်ဝက်မှာတင်ပဲ ဆင်းသွားကြတယ် ဘဝထဲမှာ အထီးကျန်ခြင်းတွေ သတိရခြင်းတွေ ကိုပဲ ချန်ထားရစ်ခဲ့ကြတယ်။တစ်ချို့ လဲ
ကိုယ်တောင်အမှတ်မထားသတိမထားလိုက်မိခင်မှာ  ထိုင်ခုံကထပြီးရထားပေါ်ကဆင်းသွားခဲ့ပြီး  ခွဲခွာသွားခဲ့ကြတယ်
ဒီဘဝရထားနဲ့ခရီးသွားနေတဲ့ခရီးစဉ်မှာ ပျော်ရွင်စရာတွေ ကြည်နူးစရာတွေ ကြေကွဲမှု့ ဝမ်းနည်းမှု့  ထူးခြားဆန်းကြယ်မှု့တွေ မျော်လင့်ချက်တွေ နုတ်ဆက်မှု့တွေ ဆုတောင်းပေးမှု့တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

အကောင်းဆုံးခရီးသွားခြင်းကတော့ သူတစ်ပါးကိုကူညီလိုက်ရတာ  ချစ်ခင်လိုက်ရတာ  စသဖြင့် ဘဝခရီးအတူသွားကြတဲ့ ခရီးသည်အချင်းချင်း တွေ ကိုရင်ထဲနွေးထွေးသွားအောင် ခရီးလမ်းဖြောင့်ဖြူးချောမွေ့အောင်  ကိုယ့်တတ်နိုင်တဲ့အကောင်းဆုံးအရာတွေကိုပေး အပ်ပြီးဘဝရထားပေါ်မှာဘဝခရီးကိုဆက်လက်ထွက်ခွာနေစေနိုင်ဖို့ပါပဲ

ဒီဘဝခရီးရဲ့ အင်မတန် စိတ်လှုပ်ရှားစရာကောင်း တဲ့အရာကတော့  ကိုယ်ကိုတိုင်လဲ ဘယ်ဘူတာ မှာဆင်းသွားရမလဲဆိုတာကိုကြိုတင်မသိနိုင်တာပါပဲ။ဒါကြောင့်ကိုယ့်ဘဝကိုအကောင်းဆုံးဖြစ်အောင်နေရမှာပါ .ကိုယ့်ကိုကိုယ်ပြုပြင်ရမှာပါ မေ့ထားတတ် ခွင့်လွတ်ပေးတတ်ပြီး ကိုယ့်ဘေးပတ်လည်လူတွေအတွက် အကောင်းဆုံးအရာတွေကိုပဲပေးအပ်ခဲ့လိုက်ပါ
ဒီလိုလုပ်ဖို့ဆိုတာအင်မတန်အရေးကြီးလှပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ်ထိုင်ခုံကထပြီးရထားပေါ်ကဆင်းသွားခဲ့တဲ့အချိန်မှာ ဆက်လက်ခရီးဆက်နေမဲ့ကိုယ့်ရဲ့ ခရီးသွား ဖော်တွေအတွက်   ကိုယ့်မှာ ကောင်းမွန်တဲ့ အမှတ်ရစရာ သတိရခြင်းတွေ နဲ့အဆင်ပြေပြေ သာချန်ထားနိုင်ခဲ့မှာမို့လိုပါပဲ။

ဘဝရထားပေါ်မှာ ခရီးသွားဖော်တွေ လာဖြစ်ခွင့်ရတဲ့ ဒီစာဖတ်မိတဲ့သူတွေ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ
ဘဝခရီးမှာ အတူ ခရီး နေတဲ့ ခရီးသွားဖော်တွေ အချင်းချင်းဘဝခရီးလမ်းမှာ အဆင်ပြေချောမွေ့ခြင်းပျော်ရွင်ခြင်းတွေနဲ့ သာကြုံတွေ့ ဆုံတွေ့ နိုင်ကြပါစေ။

တစ်နေ့နေ့တစ်ချိန်ချိန် ဘူတာတစ် နေရာရာမှာ ဆုံတွေ့ခွင် အတူ ခရီးသွားခွင့်
ကြုံချင်ကြုံလာမှာပါ ခင်ဗျာ။

လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ။

#Credit to O.W

Secrets of LIFE(Complete)Wo Geschichten leben. Entdecke jetzt