#5.သင်

69 14 0
                                    

ဖတ်သင့်တယ် အသိတိုးဖို့
===============
၁. မျက်ရည်ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့ဒီအချိန်မှာ
အဆိုးမြင်စကားပြောဆိုခြင်းနည်းနိုင်သမျှနည်းပါစေ

၂. အခက်အခဲ ကိစ္စတစ်ခုကိုအမြဲတွေးတောပူပန်မနေပါနဲ့
ခံစာချက်တိုင်းကိုသင့် ဆီမှာသောင်တင်မနေပါစေနဲ့ သင့်မှာတိုင်ပင်စရာ
သူငယ်ချင်းတွေမိဘတွေရှိသေးတာကိုသတိရပါ

၃. မှားမှာကို မကြောက်ပါနဲ့ တကယ်လို့မှားခဲ့ရင်တောင် ဦးနှောက်ခြောက်မခံပါနဲ့
လူဘဝဆိုတာ အမှားအမှန်ဒွန်တွဲနေတတ်ပါတယ် ဘယ်လို့အခြေအနေပဲဖြစ်ဖြစ်
နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ပြီးခဲ့တဲ့အမှားတွေဟာ သိပ်တော့အရေးကြီးလှတာ
ကိုခံစားရပါလိမ့်မယ်

၎. အဆိုးမြင်ခြင်းဟာ လူတွေမှာရှိတတ်ပါတယ် ဒါပေမယ့် ဒီလိုအဆိုးမြင်တဲ့အရာ
တွေဟာဘဝရဲ့သေးငယ်တဲ့အစိတ်အပိုင်းတွေဆိုတာ နာလည်းဖို့လိုပါတယ်
တကယ်တော့စိတ်ခံစားချက်ကို ဦးစားမပေးပဲမျှတအောင် အကောင်မြင်စိတ်လေးနဲ့
အစားထိုးပေးဖို့လို့ပါတယ်

၅. တကယ်လို တစ်ယောက်ယောက်ကသင့်ကိုအဆက်အသွယ်လိုက်သည်ဖြစ်စေ
မလုပ်သည်ဖြစ်စေ စကားပြောပြော မပြောပြောဒါဟာသာမန်ပါပဲ ရေးကြီးခွင်ကျယ် အကျယ်
ချဲ့နေစရာမလိုပါဘူး တွေးပြီးဝမ်းနည်းမနေသင့်ပါဘူး

၆. တကယ်လို့သင်တစ်ခုခုကို နာမလည်းရင် မေးမြန်းပြောဆိုပါ နားလည်ပြီးဆိုရင်
တော့ရင်ထဲမှာပဲသိမ်းထားပါ သိလိုက်ရတဲ့အတွက်ဝမ်းသာပါ

၇. ဦးနှောက်ခြောက်စရာ ကိစ္စတွေအားလုံးက မိမိဘာသာရှာတာတွေများပါတယ်
ဒါကြောင့်ကိုယ့်ဘာသာဖြေရှင်းဖို့ကြိုးစားပါ သူငယ်ချင်းတွေကိုငိုယိုစိတ်ပူပန်စေမဲ့
အစားသူတို့တွေနဲ့အတူတူပျော်ပျော်နေပါ

၈. ပြောပြီးသားကတိတည်ပါစေ စကားကိုလွယ်လွယ်ပြောဆိုခြင်းက သင့်အပေါ်
မှာမိတ်ဆွေတွေယုံကြည်မှု နည်းပါးစေပါတယ်

၉. ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ မှုလသင်လုပ်နေကျ နေစဉ်ဘဝ
ကိုမဆုံးရှုံးပါစေနဲ့ အချိန်မှန်စား အချိန်မှန်အိပ်စက်ပါ

Secrets of LIFE(Complete)Tahanan ng mga kuwento. Tumuklas ngayon