#72.ဖူးစာရှင်

35 4 0
                                    

ဖူးစာရှင်တစ်ယောက်နဲ့ တွေ့တဲ့အခါ..
==================

(၁) ရင်းနှီးတဲ့ ခံစားမှုတစ်ခုကို ခံစားရတယ်။

သူနဲ့စတွေ့ကတည်းက ကိုယ့်စိတ်ထဲမှာ ပုံမှန်ထက်ပိုတဲ့ ခံစားမှုတစ်ခုကို ခံစားရပါတယ်။ မြင်မြင်ချင်း သဘော
ကျသွားတာမျိုးလည်း ဖြစ်ချင်မှ ဖြစ်ပါမယ်။ ဒါပေမယ့် အလိုလျောက် ရင်းနှီးနေတဲ့ ခံစားမှုမျိုး စီးဝင်နေလေ့ရှိပါ
တယ်။
.
(၂) တူညီမှုတွေရှိတယ်။

သူနဲ့ကိုယ်နဲ့ ကြားမှာ ထူးခြားတဲ့ တူညီမှုတစ်ချို့ရှိနေပါတယ်။ အားလုံးတော့ မတူနိုင်ပေမယ့် တစ်ချို့အရာတွေ
တိုက်ဆိုင်နေတတ်ပါတယ်။ ဥပမာ - ကြိုက်တတ်တဲ့ အစားအသောက်၊ အရောင်၊ ပုံစံ။ နောက်ပြီးတော့ အကျင့်
စရိုက်တွေ၊ သွေးအမျိုးအစားတွေ၊ ဝါသနာတွေပေါ့။ တစ်ချို့အချက်တွေမှာ သတိမထားမိရင်တောင် တူညီမှုတွေ
ရှိနေတတ်ပါတယ်။
.
(၃) အချိန်တန်မှတွေ့တယ်။

ဖူးစာရှင်ဟာ သင့်ရဲ့ အချစ်ဦးလည်း ဖြစ်ချင်မှ ဖြစ်ပါမယ်။ အချစ်ရဆုံးသူလည်း ဖြစ်ချင်မှ ဖြစ်ပါမယ်။ တကယ်
တော့ ဖူးစာရှင်ဆိုတာ သင့်ရဲ့ တစ်ဘဝလုံးကို သင့်အနားမှာနေပြီး လက်တွဲသွားမယ့်သူမျိုး ဖြစ်ပါတယ်။ အေး
အတူ၊ ပူအမျှ အတူခံစားမယ့်သူ ဖြစ်ပါတယ်။ ဒီလူနဲ့သင်ဟာ သင့်တော်တဲ့ အချိန်ရောက်မှ တွေ့ဆုံနိုင်မှာ ဖြ
စ်ပါတယ်။ တစ်ခါတစ်လေမှာတော့ ဖူးစာရှင်တွေဟာ ဘဝထဲကို စောစီးစွာ ဝင်လာတတ်ပေမယ့် တစ်ခါတစ်ေ
လမှာတော့ အလာနောက်ကျတာမျိုး ရှိတတ်ပါတယ်။
.
(၄) သင်တို့ကြားက ဆက်နွယ်မှုတွေ။

သင့်ဖူးစာရှင်နဲ့ သင်နဲ့ ကြားမှာ အလိုလျောက် ဆက်သွယ်မှုတွေ ရှိနေပါတယ်။ သင်တို့ဟာ ပျော်စရာတွေ အ
တူလုပ်မှ ပျော်နေရမှာမျိုး မဟုတ်ပါဘူး။ စကားတွေ ပြောမှလည်း ရင်းနှီးနေမှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ
တော့ ဘာစကားလုံးတွေမှ မပါဘဲ တစ်ယောက်အနားမှာတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် ရှိနေတာတောင်မှ
သင်တို့ကြားမှာ ထိတွေ့ဆက်နွယ်မှုတွေ ရစ်ပတ်နေတတ်ပါတယ်။
.
(၅) အားလုံးသိတယ်။

သင့်ရဲ့ ကောင်းတဲ့အကျင့်၊ ဆိုးတဲ့အကျင့်။ သင့်ရဲ့အားသာချက်၊ အားနည်းချက်နဲ့။ သင့်ရဲ့ အယူအဆတွေ
အားလုံးကို သိနားလည်ပါတယ်။ သင့်ရဲ့ ဖူးစာရှင်ဟာ သင့်ရဲ့ အဖြူဘက်ခြမ်းရော၊ အမည်းဘက်ခြမ်းပါ နား
လည်ကြတဲ့ သူမျိုးတွေ ဖြစ်ပါတယ်။
.
(၆) စကားလုံးတွေ။

သင်တို့ကြားက စကားလုံးတွေက စိတ်ဝင်စားစရာတွေဖြစ်နေမှ စိတ်ဝင်စားစရာ ကောင်းနေမှာမျိုး မဟုတ်ပါဘူး။
တစ်ယောက်ရဲ့ တစ်နေ့တာ အဖြစ်အပျက်တွေ ပြောနေရုံ၊ စိတ်ထဲရှိတာလေးတွေ ပြောနေရုံနဲ့လည်း သင်တို့ရဲ့
စကားဝိုင်းဟာ စိုပြေနေနိုင်ပါသေးတယ်။
.
(၇) နှစ်ယောက်ကြားက မိုင်များ။

တစ်ယောက်နဲ့ တစ်ယောက် ကျောချင်းကပ်ထားနိုင်တဲ့ အကွာအဝေးမှာလည်း သင်တို့ကြား ချစ်ခြင်းမေတ္တာတွေ
ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် မိုင်ပေါင်းများစွာ ကွာဝေးနေတဲ့ အခိုက်မှာလည်း သင်တို့ကြား ချစ်ခြင်းေ
မတ္တာတွေ ရှိတယ်။ သင်တို့ကြားက အချစ်တွေကို မိုင်တွေနဲ့ တိုင်းတာတာ မဟုတ်ပါဘူး။ နှလုံးသားတွေနဲ့ တိုင်
းတာတာပါ။
__________
#Credit to O.W
#Minds

Secrets of LIFE(Complete)Where stories live. Discover now