#70.fall in love

23 4 0
                                    

လူတစ်ယောက်ကို အရမ်းချစ်မိပြီဆိုရင် ....
******************************************

ဘယ်လောက်ပဲ ချစ်နေပါစေ....
ချစ်တယ် ဆိုတဲ့အဖြေကို....အနည်းဆုံး တစ်လလောက်အချိန်ယူပြီးမှပေးပါ ။

တကယ် ချစ်မြတ်နိုးရင် သူအဲ့လောက်ကလေးကတော့ စောင့်နို့င်မှာပါ ။

အခု ချစ်သူဖြစ် အခု post တင်ပြီးကြော်ငြာတာမျိုးမလုပ်ပါနဲ့....တစ်ယောက်စိတ်တစ်ယောက် မသိသေးပဲ.ဆန္ဒ စောပြီး..ဆုံးဖြတ်မိရင်.
တနေ့ ပြက်စဲ တဲ့အခါ နစ်နာစရာ နာမည် ပျက်စရာ ရှိရင်...တို့မိန်းကလေးတွေပဲ....နစ်နာရတာပါ

ချစ်လားလို့ ? သူမေးတိုင်းလဲ....
ချစ်တယ် ချစ်တယ် ခနခန မပြောမိပါစေနဲ့....
အရမ်းချစ်ပြရင်...ပစ်ချခံရတတ်လို့ပါ ။

သူနဲ့ စိတ်ဆိုးစကားများတိုင်းလဲ....
အရမ်းလွမ်းနေတဲ့ status တွေ မတင်ပါနဲ့....
ငါ့ခြံထဲက ကြက်ပဲ ဘယ်အချိန် ရိုက်သတ်စားစားအေးဆေးပါဆိုပြီး သူသင့်ကို အထင်သေးလာပါလိမ့်မယ် ။

ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောပြီး ရန်တွေ့ပစ်ပါ..... မျိုသိပ်လွန်းခြင်းက သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းအရာ တစ်ခုမို့ပါ ။

သူနဲ့ ချစ်သူ ဖြစ်ပြီးနောက်မှာလဲ ကိုယ့်ရဲ့ ပုံစံ ကို မပြောင်းလဲပါနဲ့...တကယ်သူချစ်တယ်ဆိုရင်...
သင့်ရဲ့အရှိတိုင်းကို သူလက်ခံနိုင်မှာပါ ။

သူငယ်ချင်း များများ ထားပါ သူမရှိလဲ ပျော်နိုင်အောင် ကြိုးစား ထားပါ.... တန်ဖိုး ထားမှန်းသိရင် ပြက်ရယ်ပြု ခံရတတ်လို့...
အချစ် = ဘဝ = ရည်မှန်းချက် = ပျော်ရွှင်မှု ကို
မျှတပါစေ ။

အရမ်းမမျှော်လင့်ထားပါနဲ့. အပြင်လက်တွေ့ဘဝမှာ သူက အိမ်ထောင်ရှိတဲ့သူဖြစ်နိုင်သလို....ကလေး ၃. ၄. ယောက်အဖေလဲ ဖြစ်နိုင်တာမို့...သူ့ရဲ့ တော်ကီတွေကြားမှာ အရမ်းမကြွေသွားပါနဲ့ ။

သူ ကိုယ့်စာကို ချက်ချင်း reply မပြန်ရင်......
ကိုယ်လဲ သူ့စာကို မသိမသာ ပစ်ထားလိုက်ပါ....
chat box မှာစကားလာပြောတဲ့ သူငယ်ချင်း တိုင်းနဲ့ ခင်မင်ထားပါ....သူကလွဲရင် စာမရေးချင်ပါဘူးဆိုတဲ့....ချစ်တတ်လွန်း တဲ့စိတ်ကလေးကို အတတ်နိုင်ဆုံး ချိုးနှိမ်ထားပါ ။

ချစ်သူဆိုတာ ဒီနေ့မှာ ချစ်နေပေမယ့် မနက်ဖြန်
ရန်သူ ဖြစ်သွားနိုင်တာမို့ အနီးဆုံးမှာ ကျန်ခဲ့မှာက သူငယ်ချင်း တွေပါပဲ ။

သူရဲ့အမြင်မှာ သင်ဟာ လူရာမဝင် ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းတဲ့ ခပ်တုံးတုံးး မိန်းမ ပုံစံ မနေပြပါနဲ့ ။ တော်ယုံ ကိစ္စ လောက်ကိုတော့ အေးဆေးပါ ဆိုပြီး ဥပေက္ခာ ပြုထားလိုက်ပါ ။

တော်တဲ့....ထက်မြက် တဲ့မိန်းမတွေဟာ အချစ်ကြောင့် မျက်ရည်ကြခဲ့ရင်တောင် ဘယ်တော့မှ လူမြင်ကွင်းမှာ ကိုယ့် role နိမ့်ကြလောက်တဲ့အထိ ကြေကွဲ ပြမနေပါဘူး ။

အချစ်ကို စစ်နဲ့ နှိုင်းမယ်ဆိုရင် ?

စစ်တစ်ပွဲ မတိုက်ခင်ကိုယ့်ဘက်က ခံတပ်နဲ့ကြိုတင်ပြင်ဆင်ကာကွယ်ထားကြသလိုပဲ.....

လူတစ်ယောက် ကိုအရမ်းချစ်မိပြီလို့ ကိုယ့်ကိုယ်ကို သတိထားမိတာနဲ့ ကြိုတင် ကာကွယ် မို့ လုပ်ထားပါတော့......

ချစ်ရက်နဲ့ပဲဖြစ်စေ.......
မချစ်တော့လို့ပဲ ဖြစ်စေ.....
မဆုံနိုင်လို့ကျောခိုင်း လမ်းခွဲ ရတဲ့တနေ့.....
အရမ်းကြီးအသည်းမကွဲရတော့ဘူးပေါ့လေ ။

   
#Credit to O.R
#မီးမီး

Secrets of LIFE(Complete)Where stories live. Discover now