#64.Fake

27 6 0
                                    

ငါ့ဘက်က ဖုန်းမခေါ်တော့ပဲနေကြည့်တယ်
နင်ဘက်ကများစခေါ်လာမလားလို့လေ....

ငါ့အတွေးလေးမှားခဲ့တယ် ။
ငါဖုန်းမခေါ်ရင်နင်လဲမခေါ်ပဲနေတယ် ။

ငါ နင့်ဆီ မက်ဆေ့တွေ မပို့တော့ပဲ နေကျိတယ်
နင်များ ငါဘာလို့စာမပို့တော့လဲဆိုပြီး
စိတ်ပူပြီးတော့များ စာတွေ
ပို့လာမလားလို့လေ ....

ငါ့အတွေးလေး လွဲပြန်ပြီကွယ် ။
ငါစာတွေမပို့ရင် နင်လဲစာတွေမပို့လာခဲ့ဘူး။😪

နင်မသိသွားတာ တစ်ခုက

နင့်ရဲ့ လျစ်လျူရှုမှုတွေ ကြောင့်ပဲ ငါ နေတတ်လာခဲ့ပါပြီ ။

နင့် ဖုန်းကို မျှော်မယ့်အစား ငါ့အတွက် အကျိုးရှိမဲ့ အရာလေးတွေကိုလုပ်တတ်လာပြီ

နင် ပို့လာမဲ့ Message ကို မျှော်မယ့်အစား အရင်က နင်နဲ့ပြောနေရင် လျစ်လျူးမိတဲ့ ငါ့ချစ်သူငယ်ချင်းတွေဆီကို အချိန်ပိုပေးတတ်လာပြီ

ငါနင့်ကို လွမ်းရင်ကြည့်နေကျ
နင့်Photo အစား
ငါကြိုက်တဲ့ photo တွေကိုလိုက်စုပြီး ကြည့်တတ်လာခဲ့ပြီ

အချိန်ပြည့် နင့်အကြောင်း စဉ်းစားနေတတ်တဲ့ ငါ အခုဆို ငါ့ရဲ့အလုပ်တွေထဲ စိတ်နှစ် ပြီးအချိန်တတွေကုန်တတ်လာခဲ့ပြီ

နောက်ဆုံး
ငါ နင့်ကို လုံးဝမေ့သွားတော့မယ် ထင်တယ်??......??......ထင်ပါတယ်!!!

ငါ့ဘက်က နင်နဲ့ အဆက်သွယ်မလုပ်ပဲ နေကြည့်တဲ့အခါ
နင့်ဘက်က လည် လုံးဝ တိတ်ဆိတ်နေခဲ့တယ်

ငါ့အတွေးလေးတွေ ဘယ်နေရာမှ ဘောင်မဝင်ခဲ့ပါလားကွယ် :-) :-) :-)

#Credit to O.W
#စူး

Secrets of LIFE(Complete)Where stories live. Discover now