#12.Life Hack

46 7 0
                                    

Life Hack (၁၅) ချက်
--------------------

❖ လူတစ်ယောက်ကို အကူအညီ သေးသေးလေးတွေ တောင်းတယ်ဆိုရင် ဒီအကူအညီတောင်း သူဟာ သူ့ကို ယုံတယ်လို့ အတောင်းခံရသူ ဦးနှောက်ထဲမှာ ဖြစ်လာစေသတဲ့။ ဒီလိုဖြစ်လာတဲ့ အခါ ကိုယ့်ကို သူက နှစ်သက်လာတတ်တယ်တဲ့။ (ဥပမာ - ကိုယ်စိတ်ဝင်စားတဲ့ ကောင်မလေးကို ဓာတ်ပုံလေး ရိုက် ပေးပါလား လို့ အကူအညီတောင်းတာမျိုးဟာ ခင်မင်ဖို့ အစပျိုးလို့ အကောင်းဆုံး အခြေအနေ ဖြစ်လာ စေပါတယ်။)

❖ စကားဝိုင်းတစ်ခုမှာ ဦးဆောင်နိုင်သူ ဖြစ်ဖို့ဆိုရင် နာမည်လေးတွေကို သတိပြုမိအောင် အရင်လုပ် ပါ။ ပြီးရင် ကိုယ်စကားပြောလှည့်ရောက်တဲ့ အခါတွေမှာ သူတို့ နာမည်လေးတွေ ဖြည်းဖြည်းစီ ထည့် သုံး ပြီး အခေါ်အပြော အမေးအဖြေ လေးတွေ လုပ်ပေးပါ။ ဒါဆိုရင် ကျန်လူများရဲ့ ချစ်ခင် နှစ်သက် မှုကို ရရှိလာပါလိမ့်မယ်။

❖ လူတစ်ယောက်ကို စကားမှားစေ လိုရင် သူစကားပြောနေချိန်မှာ ဆံပင်တွေကို စိုက်ကြည့်ပါ။ ကြည့်နေရင်းနဲ့ ရွံရှာဟန် လုပ်ပြပါ။ ဒီလိုလုပ်တဲ့အခါ စကားတွေ ထစ်ငေါ့ပြီး မှားလာပါလိမ့်မယ်။

❖ လူတစ်ယောက် လိမ်မလိမ်သိချင်ရင် သူနဲ့ စကားပြောနေစဉ်မှာ မျက်လုံးတို့ကို စိုက်ကြည့်ပါ။ ဒီအခါမှာ လိမ်တဲ့လူဆိုရင် သူလိမ်နေတာကို ခင်ဗျားသိနေပါပြီဆိုတဲ့ အတွေးကို ဖြစ်ပေါ်စေမှာဖြစ်ပြီး စကားတွေ လွဲချော် လာပါလိမ့်မယ်။

❖ လူအများအာရုံစိုက်ခံရတဲ့ လူကို လုံးဝဥပေက္ခာ ပြုခြင်းအားဖြင့် ဒီလူရဲ့ စိတ်ဝင်တစား အာရုံစိုက် ခံရမှု ကို ပြန်လည် ရနိုင်ပါတယ်။ ဒါ့အပြင် သူက ခင်ဗျားကို စိတ်ဝင်စားမိလိုက်တဲ့အခါ သူ့ကို အာရုံစိုက်နေ တဲ့ အခြားလူတွေပါ ခင်ဗျားအပေါ်ကို သတိပြုမိလာတတ်ပါတယ်။

❖ လူတောထဲမှာ လမ်းသွားရင် ကိုယ်သွားမယ့်လမ်း တည့်တည့်ကိုပဲကြည့်သွားပါ။ ပတ်ဝန်းကျင် လူများ က ခင်ဗျားကို သတိပြုမိစေမှ ဖြစ် ပြီးတော့ သူတို့ရဲ့ မသိစိတ်က သူတို့ကို ခင်ဗျား သွားနေတဲ့ လမ်းကနေ ဘေးဖယ်ခိုင်းပါလိမ့်မယ်။

Secrets of LIFE(Complete)Where stories live. Discover now