#28.Density

22 6 0
                                    

သင့်ဘဝရဲ့ ကံကြမ္မာဟာ သင့်လက်ထဲမှာပါ။
=========================

အောင်မြင်ချင်သလား? ရှုံးနိမ့်ချင်သလား? သင့်ဘဝရဲ့ ကံကြမ္မာဟာ သင့်လက်ထဲမှာပါ။ သင်ကသာ သင့်ဘဝရဲ့ဇာတ်ဆရာပါ။ လက်မခံနိုင်သေးဘူးလား?
အောက်က အချက်လေးတွေကို ဖတ်ကြည့်ရင်း သေချာတွေးကြည့်ပါ။
(ဖြည်းဖြည်းဖတ်ပြီး များများတွေးကြည့်ပါ)
.
၁။ အိပ်ရာစောစောထမလား? အိပ်ရာနောက်ကျမှ ထမလား?

အိပ်ရာကို စောစောထပြီး တစ်နေ့တာအတွက် လုပ်ရမယ့်အရာတွေကို ကြိုတင်ပြင်ဆင်ပြီး နံနက်ခင်းလေးကို မင်္ဂလာရှိရှိလန်းလန်းဆန်းဆန်း ထမလား?
နေဖင်ထိုးမှ ထားပြီး သွားရမယ့် ကျောင်းတွေ၊ အလုပ်တွေကို သုတ်တီးသုတ်ပြာ ဟိုမမှီ ဒီမမှီသွားမလား?
ဒါဟာ သင့်ရဲ့ရွေးချယ်မှုပါပဲ။ အခြေအနေအရဖြစ်လာတယ်လို့ ထင်ကောင်းထင်ပေမယ့် သေချာတွေးကြည့်ရင် သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။
ကဲ.. ဘာရွေးမလဲ?
.
၂။ လေ့လာသင်ယူမလား? ရေလိုက်ငါးလိုက်နေမလား?

အပတ်တကုတ် ကြိုးစားပြီး လေ့လာဆည်းပူးတာလဲ သင့်ဆုံးဖြတ်ချက်ပါပဲ။ ဒီအတိုင်းလေး ရေလိုက်ငါးလိုက်လေး နေတာလည်း သင့်ဆုံးဖြတ်ချက်ပါပဲ။
ဘယ်သူကမှ ကြားဝင်ပြီး ဘာမှလာပြောနေလို့မရပါဘူး။ လေ့လာရင် သင်တတ်မယ်။ သင်တတ်ရင် သင်တော်လာမယ်။ (များများလေ့လာရင်တော့ များများတတ်မှာပေါ့)
ရေလိုက်ငါးလိုက်နေရင်ကော? အင်း.. သေချာတာ ငတ်ပြီးတော့တော့ သေမသွားနိုင်ပါဘူး။ အဆင်တော့ပြေနိုင်လောက်ပါတယ်။
ဘာပဲလုပ်လုပ်.. သင့်ရွေးချယ်မှုပါပဲ။
ကဲ.. ဘာရွေးမလဲ?
.
၃။ စာဖတ်မလား? ရုပ်ရှင်ကြည့်မလား?

သင့်မှာ အားလပ်ချိန်ရှိပြီဆိုပါစို့။ ဗဟုသုတရတဲ့ စာဖတ်ရင် သင်အသိအလိမ္မာတိုးမယ်။ ရုပ်ရှင်ကြည့်ရင် သင့်စိတ်အပန်းပြေမယ်။
ပင်ပန်းနေတဲ့စိတ်ကို ဖြေလျော့ဖို့ ဖျော်ဖြေရေးဆိုတာ လိုတော့လိုပါတယ်။ ဒါပေမယ့် အလွန်အကျွံ့ဆိုရင်တော့ ဒါဖျော်ဖြေရေးမဟုတ်တော့ပါဘူး။ အချိန်ဖြုန်းတာ ဖြစ်သွားပါပြီ။
စာဖတ်ပြီး အချိန်သုံးမလား။ ရုပ်ရှင်တွေ တစ်နေကုန်တစ်နေခမ်း ထိုင်ကြည့်ပြီး အချိန်ဖြုန်းမလား?
ကဲ.. ဘာရွေးမလဲ?
.
၎။ စာကြည့်တိုက်လား? လက်ဖက်ရည်ဆိုင်လား?

စာကြည့်တိုက်သွားရင် သင်ရမှာက စာအုပ်တွေကြားက အသိတရားပါ။ လက်ဖက်ရည်ဆိုင်သွားရင် သင်ရမှာက သူငယ်ချင်းတွေရဲ့ ရင်းနှီးမှုနဲ့ သင့်စိတ်ရဲ့ ဖျော်ဖြေရေးပါ။
စာကြည့်တိုက်ချည်းသွားရမယ်။ လက်ဖက်ရည်ဆိုင်ချည်း သွားရမယ်လို့ မဆိုလိုပါဘူး။ ဘယ်နေရာကို များများသွားရင် ဘာတွေပိုဖြစ်လာမလဲ သင်သိမှာပါ။
ကဲ.. ဘာရွေးမလဲ?
.
၅။ ငွေစုမလား၊ ငွေဖြုန်းမလား?

ငွေရှာနိုင်တဲ့ပမာဏကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ဒါပေမယ့် သင့်ပမာဏအတိုင်းဆိုင်ရင်ကော ရလာတဲ့ငွေကို
စုဆောင်းပြီး အကျိုးရှိတဲ့နေရာမှာ သုံးမလား၊ ဒီအတိုင်း စိတ်ပါသလို ဖြုန်းမလား။ ဒါ သင့်ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်ပါတယ်။
ကဲ..ဘာရွေးမလဲ?
.
၆။ သပ်သပ်ရပ်ရပ်နေမလား? ကသိုက်ကရိုက်နေမလား?

ဝတ်ကောင်းစားလှတွေ ဝတ်ထားမှ လှတာ၊ကြည့်ကောင်းတာ မဟုတ်ပါဘူး။ သင့်မှာ ရှိတဲ့ အဝတ်အစားနဲ့ပဲ ဒီအတိုင်းဖြစ်သလို နေချင်သလို နေမလား?
သပ်သပ်ရပ်ရပ် တင့်တင့်တယ်တယ်နေမလား?
ကဲ.. ဘာရွေးမလဲ?
.
၇။ Weight ချမလား? စားမြဲအတိုင်းစားမလား?

သူများတကာ သွယ်လျနေတဲ့ Body လေးတွေမြင်ပြီး မနာလိုစရာလည်း မလိုပါဘူး။ အားကျစရာလည်း မလိုပါဘူး။ အစာလေးတစ်လုတ်အတွက် မှန်ကြည့်တိုင်း
ဒုက္ခခံမလားဆိုတာ ဘယ်သူကမှဝင်ပြီး ဆုံးဖြတ်ပေးတာမဟုတ်ပါဘူး။ တန်ခိုးရှင်ကလည်း ဝင်မဆုံးဖြတ်ပေးပါဘူး။ သင်ပဲ ဆုံးဖြတ်ရမှာပါ။
Weight တက်ခံမလား? အစာငတ်ခံမလား?
ကဲ.. ဘာရွေးမလဲ?
.
၈။ အောင်မြင်မလား? ကျရှုံးမလား?

နောက်ဆုံး သင့်ကိုယ်သင် မေးသင့်တဲ့နောက်ဆုံးမေးခွန်းကတော့ အောင်မြင်ချင်လား? ကျရှုံးချင်လားဆိုတာပါပဲ။
အောင်မြင်ချင်တယ်ဆိုရင်တော့ ဘယ်သူကမှ သင့်အောင်မြင်ချင်စိတ်ကို လာတားဆီးလို့ မရပါဘူး။ ကျရှုံးမယ်လို့ ဆုံးဖြတ်ထားမယ်ဆိုရင်လည်း
ဘယ်သူကမှ သင့်ကို ကယ်တင်လိုရမှာ မဟုတ်ပါဘူး။ သင့်ဆုံးဖြတ်ချက်သာ အဓိကပါ။
ကဲ.. ဘာရွေးမလဲ?
.
တကယ်တော့ သင့်ဘဝဟာ သင့်လက်ထဲမှာပဲရှိပါတယ်။ သင့်လက်ထဲက သင့်ဘဝကို အလှပဆုံးဖြစ်အောင် ခြယ်မှုန်းဖို့က သင့်တာဝန်ပါ။
______________
#Credit to O.W

Secrets of LIFE(Complete)Where stories live. Discover now