#99.Family

18 3 0
                                    

တစ်ခါတစ်လေ သင်အမြင့်ကိုမပျံနိုင်တာ သင်မပျံနိုင်
လို့မဟုတ်ဘူး။သင်မစွန့်လွှတ်နိုင်သေးတဲ့အရာတစ်ခု
က သင့်ကိုဆွဲချနေလို့ပါ။ ဒီလိုပြောတော့ သူငယ်ချင်း
တစ်ဦးကကျွန်တော့်ကိုမေးပါတယ်။ ဆွဲချနေတာ
မိသားစုဆိုရင်ရောတဲ့။

ဒီနေရာမှာ အိုင်းစတိုင်းရဲ့အဆိုကို ပြန်ပြောရပါလိမ့်
မယ်။ Try not to become a man of success
but a man of value  အောင်မြင်တဲ့သူတစ်ယောက်
ဖြစ်ဖို့ထက် တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ကို
ကြိုးစားပါတဲ့။ အဓိကအချက်သင်စဉ်းစားရမှာက
သင်ဆွဲတင်ဖို့ကြိုးစားနေတဲ့အရာက ဆွဲတင်ဖို့
ထိုက်တန်ရဲ့လား။ Familyဆိုတာကတော့ ပြောစရာ
မလိုလောက်အောင် အဖိုးတန်တဲ့အရာပါ။ Family
ကတော့ သင်ကယ်တင်ရမယ့်အရာပါ။ မိသားစု
အတွက်တန်ဖိုးရှိတဲ့ သူဆိုတာ ဂုဏ်ယူစရာပါ။
အားငယ်စရာမဟုတ်ပါဘူး။

ဒါပေမယ့် Family မဟုတ်ပဲ အခြားသူဆိုရင်ရော
သင်ခေါ်တဲ့နောက်ကို သူလိုက်ချင်ရဲ့လား၊သင်နဲ့
သွားချင်တဲ့လမ်းကြောင်းရောတူရဲ့လား၊ အချို့လူ
တွေက ပျံသန်းချင်တယ်သာပြောကြတာတကယ်
တမ်းက ဘာမှမလုပ်ကြပါဘူး။တစ်ခါတစ်လေ
သူအထီးကျန်နေလို့ သင့်ကို ဘေးနားခေါ်ထားတဲ့
သူတွေရှိတတ်ပါတယ်။ တကယ်တော့ သင်နဲ့ ဘဝ
ခရီးအတူတူလျှောက်ဖို့ သူတို့ဘယ်တုန်းကမှ
မစဉ်းစားခဲ့ပါဘူး။ 

လောကကြီးမှာ အချို့လူတွေနဲ့လမ်းခွဲရတယ်။ မချစ်လို့
မဟုတ်ဘူး။ သွားမယ့်လမ်းမတူလို့ပါ။ သင့်ကိုနှောင်ဖွဲ့
ထားတဲ့ အနှောင်အဖွဲ့တွေကို သင့်ဦးနှောက်နဲ့ သေချာ
စဉ်းစားဖို့လိုပါတယ်။

#Credit to O.W
#မိုးရှင်း

Secrets of LIFE(Complete)Where stories live. Discover now