#17.I m trying

38 5 0
                                    

ကြိုးစားရက်နဲ့ မအောင်မြင်ဘူးလား
===================

ဘဝရေးရာတွေနဲ့ ပတ်သက်ရင်တော့ လူနှစ်မျိုးရှိမယ်။ ပထမလူက ဘဝကိုဒီတိုင်း အေးအေးလူလူဖြတ်သန်းသွားချင်တဲ့သူ။ ဒုတိယလူကတော့ ဘဝကို အောင်မြင်အောင် တည်ဆောက်ချင်တဲ့သူ။ ဒီစာလေးကတော့ ဒုတိယလူတွေအတွက် ရည်ရွယ်ပါတယ်။ တိတိကျကျပြောရင်တော့ ကြိုးစားရက်နဲ့မအောင်မြင်သေးတဲ့သူတွေအတွက်ပါ။
.
အောင်မြင်မှုအတွက် အခြေခံအကျဆုံးက ကြိုးစားမှုပါပဲ။ ဒါတင်ပဲလားဆိုတော့ မလုံလောက်သေးပါဘူး။ သေချာပေါက်အောင်မြင်ဖို့ဆိုရင်တော့ ကျန်တဲ့ဖြည့်စီးရမယ့် အချက်လေးတွေ ရှိသေးတယ်ဆိုတာ သတိပြုသင့်ပါတယ်။
.
(၁) ဖန်တီးမှု

အောင်မြင်ချင်လို့ ကြိုးစားနေတဲ့သူအချင်းချင်းမှာ ဘယ်အရာက ကွဲပြားသွားစေမလဲ? အဓိကကတော့ ဖန်တီးမှုပါပဲ။ ကိုယ့်ရဲ့ဖန်တီးမှုနဲ့ လျှောက်တဲ့လမ်းဟာ တစ်မူထူးခြားမယ်ဆိုရင် အောင်မြင်ဖို့ ရာခိုင်နှုန်းပိုများနေပါလိမ့်မယ်။ အခက်အခဲလား? အောင်မြင်မှုဆီသွားတဲ့လမ်းတိုင်းမှာ အခက်အခဲဆိုတာကတော့ ရှိတာပေါ့ဗျာ။
.
(၂) တိုးတက်မှု

ဘယ်တော့မှ ရပ်တန့်ပစ်လိုက်လို့ မရတဲ့အထဲမှာ တိုးတက်မှုပါတယ်။ တိုးတက်ခြင်းဆိုတာကို ရပ်လိုက်ပြီဆိုတာနဲ့ ဒီအတိုင်းသူ့ဟာသူ ရပ်နေမှာမဟုတ်ဘူး။ နောက်ပြန်ဆွဲနေမှာ။ ဒါကို သတိပြုရပါမယ်။ နောက်ပြီး အားလုံးအလိုလို အရှိန်အဟုန်နဲ့ ပြေးနေတဲ့ခေတ်မှာ ကိုယ့်ရဲ့တိုးတက်မှုဆိုတာကလည်း အရှိန်အဟုန်နဲ့ ရှိနေသင့်ပါတယ်။ တကယ်လို့ သင်သာ တကယ်အောင်မြင်ချင်တယ်ဆိုရင်ပေါ့။
.
(၃) ပူးပေါင်းလုပ်ဆောင်မှု

ဘယ်လောက်ပဲ အောင်မြင်တဲ့သူဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ထူးချွန်တဲ့သူဖြစ်ဖြစ်။ တစ်ခုနားလည်ရမှာက အရာတိုင်းကို ကိုယ်တစ်ယောက်တည်း လုပ်ဆောင်လို့ မရနိုင်ပါဘူး။ ရနိုင်တယ်ပဲထားဦးတော့ အသင်းအဖွဲ့နဲ့လုပ်ဆောင်ချက်လောက်တော့ အရည်အသွေးကောင်းနိုင်မှာ မဟုတ်ပါဘူး။ ဆယ်ယောက်အားဟာ တစ်ယောက်အားထက်တော့ အမြဲသာနေမှာပါ။ ဒီတော့ အောင်မြင်မှုကို ဆုပ်ကိုင်ချင်ရင် ဘယ်လိုလူမျိုးတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမလဲဆိုတာကို နားလည်ရပါမယ်။
.
(၄) လိုက်လျောညီထွေမှု

ယုံကြည်ရာကို စွဲစွဲမြဲမြဲဆုပ်ကိုင်တာဟာ ကောင်းတယ်။ အရှုံးပေးတတ်တာ မကောင်းဘူး။ အဲဒီ့လိုပဲ ခေါင်းမာတဲ့အကျင့်ကတော့ မကောင်းဘူး။ လိုက်လျောညီထွေဖြစ်တတ်တာတော့ ကောင်းတယ်။ ဒီအချက်လေးကို ရှင်းရှင်းလင်းလင်း သဘောပေါက်ရင်တော့ သင်ဟာ လူရည်လည်တဲ့သူတစ်ယောက် ဖြစ်လာမှာပါ။
.
(၅) ရည်မှန်းချက်တွေ။

မြေပုံမရှိဘဲ ဘယ်ရတနာသိုက်ကိုမှ ရှာမရနိုင်ဘူး။ ဒီလိုပဲ ဘာရည်မှန်းချက်မှ မရှိဘဲလည်း ဘာအောင်မြင်မှုမှလည်းပဲ မရနိုင်ဘူး။ ရှင်းရှင်းလေးပါပဲ။ ဒီတော့ အောင်မြင်ချင်ပြီလား ဒါဆို ဘာဖြစ်ချင်လဲဆိုတာကို သိအောင်အရင်လုပ်ဖို့လိုပါမယ်။
_____________
#Credit to O.W
#ရွှေညာမောင်

Secrets of LIFE(Complete)Where stories live. Discover now