#80.ချစ်တာလား?ပိုင်ဆိုင်ချင်တာလား?

16 2 0
                                    

သူ့ကို ချစ်တာလား? ပိုင်ဆိုင်ချင်တာလား?
********************************

သူ့ကို ချစ်မိတဲ့အခါ ယုံကြည်စိတ်တွေ ထားတတ်ဖို့ ကြိုးစားတယ်။
သူ့ကို ပိုင်ဆိုင်ချင်တဲ့အခါ စိုးရိမ်စိတ်နဲ့ သံသယတွေ ကြီးထွားလာတယ်။
.
သူ့ကို ချစ်မိတဲ့အခါ သူပျော်အောင် ဖန်တီးနိုင်ဖို့အတွက် သူ့အနားရှိချင်နေမိတယ်။
သူ့ကို ပိုင်ဆိုင်ချင်တဲ့အခါ သူ့အနားနေရင်ကို ကိုယ်ပျော်တဲ့အတွက် သူ့အနားရှိဖို့ကြိုးစားတယ်။
.
သူ့ကို ချစ်မိတဲ့အခါ ပေးဆပ်ခြင်းဆိုတဲ့စိတ်နဲ့ အေးချမ်းနေတယ်။
သူ့ကို ပိုင်ဆိုင်ချင်မိတဲ့အခါ ရယူလိုတဲ့စိတ်နဲ့ ပူလောင်နေတတ်တယ်။
.
သူ့ကို ချစ်မိတဲ့အခါ "ချစ်တယ်" ဆိုတဲ့ စကားနဲ့အတူ သူ့ကို အပြုံးတွေဖြစ်ပေါ်စေတယ်။
သူ့ကို ပိုင်ဆိုင်ချင်မိတဲ့အခါ "ချစ်တယ်" ဆိုတဲ့ စကားနဲ့အတူ သူ့ကို မျက်ရည်တွေ ကျစေတယ်။
____________

#Credit to O.W
#သားရိုး

Secrets of LIFE(Complete)Where stories live. Discover now