#53.short note

20 4 0
                                    

စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်သော စာတိုများ ...

စိတ်ထောင်းလို့ကိုယ်ကြေ၊ စိတ်ဆောင်ရင် အရာရာအောင်နိုင်တယ် ဆိုသလိုပါပဲ လူတွေအတွက် စိတ်ဓာတ်စွမ်းအားက အင်မတန်မှ အရေးပါပါတယ်။ စိတ်ရဲ့ဦးဆောင်မှုနောက်မှာသာ မိမိရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာတာပါ။ ဒါကြောင့် ကောင်းမွန်မှန်ကန်တဲ့စိတ်သာ ဦးဆောင်နေမယ်ဆိုရင် အောင်မြင်သောဘဝကို ရရှိပိုင်ဆိုင်နိုင်မှာပါ။ တက်တစ်လှည့်၊ ကျတစ်လှည့် လောကဓံတရားကို ခံနိုင်ရည်ရှိဖို့ဆိုတာ စိတ်ထားတတ်ဖို့ အဓိကလိုအပ်တာပါ။ ထိုသို့စိတ်ထားတတ်ဖို့ဆိုတာ စိတ်ဓာတ်ခွန်အားကိုဖြစ်လာစေမဲ့ ဗဟုသုတရှိဖို့လည်းလိုအပ်ပါတယ်။ စိတ်ဓာတ်စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ စာတိုအနည်းငယ်ကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) လျစ်လျူပြုတတ်ခြင်းနဲ့ မိမိကိုယ်ကိုယုံကြည်ခြင်းသာရှိရင် သင်အောင်မြင်နိုင်ပြီ။
(၂) အတွေးအခေါ်ကောင်းတွေရှိနေလည်း လက်တွေ့အကောင်အထည်ဖော်ဖို့လိုတယ်။
(၃) ခံစားချက်တွေခါးသီးနေလည်း ဘယ်တော့မှအရှုံးမပေးနဲ့။
(၄) ရည်မှန်းချက်ကကြီးမားတဲ့အတွက် ပြသနာအသေးအမွှားလေးတွေကို ငါမမှုဘူး။
(၅) ကြိုးစားမှုကိုရပ်တန့်လိုက်မှသာလျှင် ကျရှုံးခြင်းအစစ်အမှန်။
(၆) အတွင်းစိတ်ဓာတ်ကြံ့ခိုင်မှုကို ပြင်ပဘယ်အရာကမှ မဖျက်စီးပစ်နိုင်ဘူး။
(၇) ဘဝဆိုတာ ရှင်သန်ဖို့ပဲ။
(၈) အသစ် အသစ်သော အတွေ့အကြုံတွေကို ရင်ဆိုင်ဖို့ အမြဲရဲဝံ့နေရမယ်။
(၉) ညအမှောင်ဆိုတာမရှိရင် ကြယ်တွေမတောက်ပနိုင်ဘူး။

#Credit to O.W

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

Btw
I m out of idea for FGS;;called Us
& as well as i had lost my Writing mode

So update will be stop for a moment
I not sure coz i m crazy girl

Secrets of LIFE(Complete)Where stories live. Discover now