#မိန်းကလေးချင်းတူပေမယ့်#
*မနာလိုစိတ်ရှိတဲ့မိန်းကလေးတွေဟာ
မျက်နှာကပူလောင်ပြင်းပြနေတတ်တယ်*မနာလိုစိတ်မရှိတဲ့မ်န်းကလေးတွေဟာ
အိနြေ္ဒရှိတယ်။တည်ကြည်ပြီးမျက်နှာက
လပြည့်ဝန်းလိုအေးမြဝင်းပတယ်။*အမုန်းရန်ငြိုးအမျက်ကြီးတဲ့မိန်းကလေး
တွေဟာကြမ်းတမ်းခက်ထန်တယ်။
မျက်ဝန်းမှာကောက်ကျစ်စဉ်းလဲမှုတွေရှိတယ်။*အမုန်းရန်ငြိုးအမျက်မထွက်တတ်တဲ့
မိန်းကလေးတွေဟာသိမ်မွေ့အေးဆေးပြီး
နူးညံ့တယ်။
မျက်ဝန်းထဲမှာအေးချမ်းနူးညံ့တဲ့ရိုးသား
မှုတွေတွေ့ရတယ်။*စကားပြောကြမ်းတမ်းတဲ့မိန်းကလေးတွေဟာ
ခက်ထန်ကြမ်းကြုတ်ပြီးမီးတောက်တစ်စနဲ့
တူတယ်။*စကားပြောညင်သာပျော့ပြောင်းတဲ့
မိန်းကလေးတွေဟာပန်းဖြူဖြူလေး
တစ်ပွင့်နဲ့တူပြီးမြင်ရသူရင်ကိုအေးမြ
မွှေးပြန့်စေတယ်။*ရမ္မက် လောဘ ဒေါသရှိတဲ့မိန်းကလေးတွေ
ဟာရုပ်ရည်မွဲခြောက်ပြီးနေလောင်ထားတဲ့
ပန်းကလေးတစ်ပွင့်နဲ့တူတယ်။
မြင်ရသူရင်ကိုပူလောင်စေတယ်။*ရမ္မက် လောဘ ဒေါသကင်းတဲ့မိန်းကလေး
တွေဟာမြင့်မြတ်တဲ့ရုပ်ရည်ကိုဆောင်တယ်။
ရည်မွန်ကျော့ရှင်းပြီးမိုးရွှာပြီးစမှာငွားငွားစွံ့စွံ့
ပွင့်လန်းနေတဲ့ပန်းကလေးတစ်ပွင့်နဲ့တူတယ်။
မြင်ရတဲ့သူရဲ့ရင်ကိုအေးမြချမ်းမြေ့စေတယ်။*သက်ရှိတိရိစ္ဆာန်လေးတွေအပေါ်ကိုချစ်ခင်
နှစ်သက်မှုမရှိတဲ့မိန်းကလေးတွေဟာနှလုံး
သားကြမ်းတမ်းပြီးမိခင်မေတ္တာလိုမေတ္တာနဲ့
မပေးဆပ်နိုင်ကြဘူး။
*သက်ရှိတိရိစ္ဆန်လေးတွေချစ်ခင်နှစ်သက်သနား
ညှာတာမူရှိတဲ့မိန်းကလေးတွေဟာတန်းတူ
မေတ္တာနဲ့မိခင်လိုမေတ္တာရောင်ခြည်မျိုးရှိပြီး
စိတ်နှလုံးနူးညံ့သိမ်မွေ့တယ်ဝ။*စိတ်ကြီးဝင်ပြီးမာနကြီးတဲ့မိန်းကလေးတွေဟာ
တစ်ပါးသူကိုညှာတာထောက်ထားခြင်းမရှိပဲရိုး
သားခြင်းကင်းတတ်တယ်။
ကြည့်ရရင်တယ်ပြီးကာစပွက်ပွက်ဆူနေတဲ့
ရေနွေးနဲ့ဆင်တူတယ်။*စိတ်ကြီးမဝင်မာနကင်းတဲ့မိန်းကလေးတွေဟာ
တစ်ပါးသူကိုညှာတာထောက်ထားကူညီတတ်
ပြီးရိုးသားဖြူစင်တယ်။ ကြည့်ရရင်စိမ့်စမ်းရေလိုအေးမြချမ်းမြေ့လှတယ်။*အာရုံထွေပြားပြီးစိတ်မတည်ငြိမ်တဲ့မိန်းကလေး
တွေဟာအသားအရည်ခြောက်ခမ်းပြီး
အရောင်အဝါမတောက်ပတတ်ဘူး။*စိတ်တည်ငြိမ်ပြီးအာရုံစိုက်လုပ်တတ်တဲ့စိတ်
ရိုးရှင်းတဲ့မိန်းကလေးတွေဟာအသားအရည်
စိုပြေပြီးတည်ငြိမ်အိနြေ္ဒရှိတယ်။*မိန်းကလေးချင်းတူပေမယ့်မိန်းကလေးတစ်မျိုး
ကတော့နေရဲ့အလင်းရောင်လိုပူလောင်
ပြင်းပြပြီးမိန်းကလေးတစ်မျိုးကတော့လရဲ့
အလင်းဖြာသလိုကြည်လင်အေးမြပြီး
စွဲဆောင်မူနဲ့ပြည့်လို့နေပါတယ်။(မိန်းကလေးအားလုံးလမင်းလေးလို
မိန်းကလေးမျိုးများဖြစ်ကြပါစေရှင်)
#Credit to O.W
#နန်း
YOU ARE READING
Secrets of LIFE(Complete)
Randombook about life knowledge myan sub Author-Miki Black