#83.ဆင်းရဲခြင်း

13 2 0
                                    

သင့်ကိုဆင်းရဲစေသော အမူအကျင့် ( ၈ ) ခု
++++++++++++++++++++++++++

ဟောင်ကောင်တို့ ၊ ထိုင်ဝမ်တို့မှာ အလွန်ခေတ်စားတဲ့ တရုတ်ဖုန်းရွှေ ပညာရဲ့ အဆိုအရ အောက်ပါအမူအကျင့်များဟာ စီးပွားရေးနတ်ကို ထွက်ပြေးစေပြီး ဆင်းရဲစေတဲ့ အမူအကျင့်လို့ ဖေါ် ပြထားပါတယ်။ အားလုံးဟာ ပြုပြင်လို့ရတယ်။ ပြုပြင်လို့လွယ်တဲ့ အကျင့်များဖြစ်လို့ ရေးသားတင်ပြလိုက်ရပါတယ်။

၁။ ဒူးခါတဲ့ အကျင့်

လူတော်တော်များများဟာ ထိုင်လိုက်တာနဲ့ အငြိမ် မနေတော့ပါဘူး။ ပေါင်ကလေး ခါလိုက်ရမှ ၊ ဒူးကလေး တုန်လိုက်ရမှ နေသာထိုင်သာ ရှိသွားသလိုပဲ။ ဒူးတုန်တဲ့ အကျင့်စွဲနေသူများဟာ တစ်ခုခု စိတ်လုပ်ရှားနေတတ်ပါတယ်။ စိတ်ဂဏာမငြိမ်ဘူးဆိုတာ ပြင်ပကို ဖေါ် ပြနေသလိုပါ။ အနည်းဆုံး မရင့်ကျက်တာကိုတော့ အတိအလင်း ကျော်ငြာနေသလိုပဲ။ အဲဒီအကျင့် ဟာလူ့ရဲ့ အောင်မြင်မူ ကို ဟန့်တားစေတယ်။ ဆင်းရဲစေတယ်လို့ ဆိုပါတယ်။

၂။ သက်ပြင်း မကြာခဏ ချတဲ့အကျင့်

အကြောင်းရှိရှိ မရှိရှိ၊ စိတ်ညစ်ညစ် မညစ်ညစ် အခါရှိတိုင်း သက်ပြင်းချနေတဲ့ လူများဟာ လဒ်ပိတ်စေတယ်လို့ ဆိုပါတယ်။ လသာရင်လည်း သက်ပြင်းချတယ်။ ရွာကိုသတိရလို့။ ညမှောင်ရင်လည်း သက်ပြင်းချတယ်။ ဘာမှမတွေ့ရလို့၊ နေပူရင်လည်း သက်ပြင်းချတယ်။ ချွေးထွက်လွန်းလို့၊ မိုးအုံ့ ရင်လည်း သက်ပြင်းချတယ်။ ရာသီးဥတု မကောင်းလို့တဲ့ ။ စဉ်းစားကြည့်လေ၊ ဘယ်လိုလို့ စိန်ခေါ်မူ များလွန်းလှတဲ့ လုပ်ငန်းခွင်မှာ အောင်မြင်နိုင်တော့ မှာလဲ။ သက်ပြင်းချခြင်းဟာ ဆေးပညာအရလည်း ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

၃။ တံတွေး အထွေးများခြင်း

ရောဂါတစ်ခုခု ရှိလို့ ခဏခဏ တံတွေးထွက်တဲ့လူကို မဆိုလိုပါဘူး။ အားအားရှိတိုင်း တထွီးထွီးနဲ့ ချောင်းဟန့်လိုက် တံတွေးထွေးလိုက်နဲ့၊ စဉ်းစားကြည့်လေ၊ ဘယ်မှာကံကောင်းနိုင်ပါ့မလဲ။

၎။ မျက်မှောင်ကျုံ့ ခြင်း

မျက်ခုန်းမွေး နှစ်ခုကြားနေရာဟာ စိတ်အတွေးဗဟို လို့ အင်္ဂါ့ရုပ်ပညာကဆိုပါတယ်။ မျက်မှောင်ခဏခဏ ကျုံ့တဲ့လူဟာ စိတ်မချမ်းသာဘူး၊ စိတ်ပူစိတ်ရူတ်နေတယ်လို့ ဆိုပါတယ်။ မျက်မှောင်အမြဲ ကျုံ့တဲ့သူဟာစိတ်ဆိုးလွယ်တယ်။ သောတကြီးတတ်တယ်။ စီးပွားရေး လာဒ်လာဘ နဲ့ဝေးကွာသွားတယ်ဆိုတာလည်း အံ့သြစရာ မကောင်းတော့ပါဘူး။

၅။ ဒူးတုတ်ထိုင် ထမင်းစာခြင်း

ထိုင်ခုံ ရှိရဲ့သားနဲ့ ထိုင်ခုံပေါ်မှာ ဒူးတုတ်ထိုင် ( သို့ ) မုဆိုးထိုင် ထိုင်ထမင်းစားတာ မကြာခဏ တွေ့ရတတ်ပါတယ်။ အချို့က ဒူးတစ်ချောင်းခုံ ပေါ်ထိုင်ပြီး လက်ကဒူးပေါ်တင်ပြီး ထမင်းစားတာလည်း တွေ့ဘူးပါတယ်။ ထမင်းလက်ဆုံစားတဲ့အချိန်ဟာ လာဒ်ကောင်းတဲ့ အချိန်လို့ ဖုန်းရွှေက ယူဆပါတယ်။ ဒူးတုတ်ထိုင် ထမင်းစာခြင်းဟာ လာဒ်လာဘ ကို ထိတာမထိတာ အသာထား ကြည့်မကောင်းတာတော့ အမှန်ပါ။

၆။ သွားကြားထိုးတဲ့အခါ ဘာမှမဖုန်းခြင်း

အချို့က ရူတ်တယ်ဆိုပြီး သွားကြားထိုးရင် လက်နဲ့ဖြစ်ဖြစ်၊ လက်သုတ်စက္ကူနဲ့ ဖြစ်ဖြစ် ဖုန်းမနေတော့ပဲ သွားကြားထိုးလိုက် ထွေးလိုက်လုပ်တတ်ပါတယ်။ အဲဒါလည်း လာဒ်ပိတ်တယ်လို့ ဖုန်းရွှေက ယူဆပါတယ်။ ဟုတ်ဟုတ်မဟုတ်ဟုတ်၊ ဘာမှမဖုန်းပဲ သွားကြားထိုးတာတော့ ပတ်ဝန်းကျင်အတွက် မကောင်းတာအမှန်ပါ။

၇။ ထမင်းစားတဲ့အခါ ပါးစပ်အသံ မြည်ခြင်း

ထမင်းစားရင် ပါးစပ်တအား အသံမြည်ရင်လည်း လူကိုဆင်းရဲစေတတ်ပါတယ်လို့ ဆိုပါတယ်။ ပတ်ဝန်းကျင်လူတွေကိုလည်း စိတ်အနောက်အယှက်ဖြစ်စေပါတယ်။
၈။ လမ်းလျှောက်ရင် ဦးခေါင်းရှေ့ရောက်နေခြင်း
လမ်းလျှောက်တဲ့ အခါကျရင် ခြေထောက်ရှေ့ကို ဦးခေါင်းအရင် ရောက်နေတာကို ဆိုလိုပါတယ်။ ဦးခေါင်းအရင် ရှေ့ရောက်နေသူများဟာ စိတ်လောတတ်တယ်။ စိတ်မြန်စိတ်ဆပ်တတ်တယ်။ အလုပ်လုပ်ရင် စိတ်ရှည်မှ အဆင်ပြေတတ်တာမို့ ဒီအမူအကျင့်ဟာလည်း ဆင်းရဲစေတတ်တယ်လို့ ဆိုပါတယ်။

ရေးစရာအကြောင်းအရာ ကောင်းကောင်းရှာမတွေ့လို့ ရေးလိုက်ပါတယ်။ နှစ်သက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

#Credit to O.W
#Sya Aung Ko Latt

Secrets of LIFE(Complete)Where stories live. Discover now