#36.Lie

23 5 0
                                    

လူသုံးအများဆုံး မုသား ၁၀ ခု
**************************

ပတ်ဝန်းကျင်မှာ အမြဲတမ်းကြီး စိတ်ထဲရှိသလို ဘွင်းဘွင်းရှင်းရှင်းပြီး ပြောလို့မရတဲ့အခါ မုသားတွေကို အသေးအဖွဲအနေနဲ့ အလျဉ်းသင့်သလို
သုံးလာကြပါတယ်။ ဒါကိုပဲ လူမှုရေးလို့ ခေါင်းစဉ်တပ်လိုက်ကြပါတယ်။ ဒီ ဖော်ပြထားတဲ့ မုသားတွေကတော့ စစ်တမ်းတွေအရ လူသုံးအများဆုံး
မုသားတွေပါ။

(၁) I'm Fine (ငါ အဆင်ပြေပါတယ်။)
စိတ်ကသိကအောက် ဖြစ်ရတဲ့အခိုက်အတန့်မှာ ဖြစ်စေ၊ နာကျင်မှုကို ခံရတဲ့အခါမှာဖြစ်စေ.. "ငါ အဆင်ပြေပါတယ်" ဆိုတဲ့ စကားကို သုံးတတ်ကြပါတယ်။
ကိုယ်နဲ့ရင်းနှီးတဲ့သူတွေကိုတောင် ကိုယ့်စိတ်ထဲမှာ အဆင်မပြေတဲ့အကြောင်း သိပ်မပြောဖြစ်ပါဘူး။
.
(၂) I'm 5 minutes Away (ငါးမိနစ်လောက်နေရင် ရောက်မယ်)
တစ်ယောက်ယောက်နဲ့ ချိန်းဆိုထားလို့ ကိုယ့်ဘက်ကနောက်ကျနေရင် ရောက်ကာနီးပြီလို့ပဲ ပြောတတ်ပါတယ်။ ဘယ်သူကမှ "ငါ ခုမှ အိမ်ကထွက်လာမှာ" လို့
ပွင့်ပွင့်လင်းလင်း မပြောတတ်ပါဘူး။
.
(၃) Lets Keep in Touch (နောက်ကျ တွေ့ရအောင်)
မထင်မှတ်ထားတဲ့ တစ်နေရာရာမှာ ကိုယ့်မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့တဲ့အခါမှာ "နောက်မှ အေးဆေးတွေ့ရအောင်" ဆိုတဲ့စကားနဲ့ နှုတ်ဆက်လမ်းခွဲတတ်ပါတယ်။
ဒါပေမယ့် ဒါဟာ နှုတ်ဆက်စကားမျှသာဖြစ်ပြီး အများစုကတော့ တကယ် မတွေ့ဖြစ်ပါဘူး။
.
(၄) My Phone Died (ဖုန်းအားကုန်သွားလို့ပါ)
အများအားဖြင့် ဒီဆင်ခြေမုသားဟာ သမီးရည်းစားတွေကြား ဖြစ်တတ်ပါတယ်။ တစ်ယောက်မကြိုက်တဲ့အလုပ်ကို တစ်ယောက်က လုပ်မိနေတာဖြစ်ဖြစ်၊ ခဏလောက်
ရှောင်နေချင်တာဖြစ်ဖြစ် ဖုန်းပိတ်ထားချင်တယ်ဆိုရင် ဖုန်းအားကုန်သွားလို့ဆိုတဲ့ အကြောင်းပြချက်ကို ပေးတတ်ပါတယ်။ အိမ်ပြန်နောက်ကျတဲ့ သား၊သမီးတွေလည်း
ဒီလိုမုသားကို ခဏခဏသုံးတတ်ပါလိမ့်မယ်။
.
(၅) Totally Forgot to do (လုံးဝ မေ့သွားတယ်ကွာ)
တကယ်မေ့တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကိုယ်မလုပ်ချင်တဲ့အရာတစ်ခုကို ပေါ်တင်နဲ့ အဆင်ပြေပြေ ရှောင်လွှဲနိုင်ဖို့ဆိုရင်တော့ "ဟာ! ငါမေ့သွားတယ်ကွာ" ဆိုတဲ့
စကားက လူသုံးအများဆုံးပါပဲ။
.
(၆) I'm Busy That Day (အဲ့နေ့လောက်တော့ မအားဖူးထင်တယ်)
ကိုယ်အားတယ်၊ မအားဖူးဆိုတာထက် မအားဖို့များတယ်ဆိုတဲ့စကားကို မုသားလေးနဲ့ ပြောလေ့ရှိပါတယ်။
.
(၇) I Love It! (ကြိုက်တယ်!)
ဒီစကားကို အမှန်အကန် သဘောကျတဲ့နေရာမှာလည်း သုံးပါတယ်။ ဒါပေမယ့် ဟန်လုပ်ပြီး ပြောရတဲ့နေရာမှာလည်း အသုံးများပါတယ်။ ကိုယ့်စိတ်ထဲ
မနှစ်သက်ဘူးဆိုရင်တောင် တော်ရုံတန်ရုံလူကတော့ စိတ်ထဲကခံစားချက်ကို ဖွင့်ပြောမှာ မဟုတ်ပါဘူး။
.
(၈) Yeah, I'm Listening (အင်း.. ငါနားထောင်နေပါတယ်။)
လူအတော်များများရဲ့ အပျင်းဆုံးအလုပ်က တစ်ယောက်ယောက်ရဲ့ စကားကို မငြီးမငွေ့နားထောင်နေရခြင်းပါ။ အထူးသဖြင့် အချိန်ကြာလာတဲ့အခါမှာပေါ့။
.
(၉) Oh! Yeah! I Remember You (အာ! ငါ မင်းကို မှတ်မိပြီ)
တစ်ခါတစ်လေ ကာလရှည်ကြာ မတွေ့ရတဲ့သူတစ်ယောက်နဲ့ တွေ့တဲ့အခါ သူ့ဘက်က မှတ်မိပြီး ကိုယ့်ဘက်က မမှတ်မိရင် ဒီစကားနဲ့ မုသားသုံးလေ့ရှိပါတယ်။
သူက မှတ်မိရက်နဲ့ ကိုယ်က မမှတ်မိတော့ပါဘူးဆိုရင် လူမှုရေးအရ ရိုင်းသလိုခံစားတတ်လို့ပါ။
.
(၁၀) I Don't Lie You (ငါ မလိမ်ပါဘူးကွာ)
တကယ် မလိမ်တဲ့သူက အကြောင်းအရင်းတွေကို ရှင်းပြဖို့ ကြိုးစားနေတဲ့အချိန်မှာ မုသားသုံးဖို့ ဖြစ်နိုင်ချေများတဲ့သူက မလိမ်ပါဖူး ဆိုတဲ့စကားကိုပဲ တွင်တွင်ပြောနေပါလိမ့်မယ်။
နောက်ပြီး ဒီစကားက အသုံးအများဆုံး မုသားတစ်ခုလည်း ဖြစ်နေပါတယ်။

#Credit to O.W
(ဘာသာပြန်)

Secrets of LIFE(Complete)Where stories live. Discover now