#19.အရည်အသွေး

26 6 0
                                    

ကိုယ့်ထူးကိုယ်ချွန် မီလျံနာတို့၏ အရည်အသွေး
=========================

(၁) အခွင့်အလမ်းကို ရှာဖွေနေတယ်။

ကြိုးစားတာကတော့ ကြိုးစားတာပေါ့။ အောင်မြင်ချင်ရင်တော့ ကြိုးစားရမှာ သေချာနေတာပဲလေ။ ဒါပေမယ့် မီလျံနာတွေကတော့ ဒီအတိုင်း မျက်စိစုံမှိတ်ပြီး ကြိုးစားမနေပါဘူး။ သူတို့အတွက် အခွင့်အလမ်းတွေကို အမြဲမပြတ်စောင့်ကြည့်နေသလို၊ အားကျိုးမာန်တက်လည်း ရှာဖွေနေပါတယ်။ ပေါ်လာမယ့် အခွင့်အရေးတိုင်းအတွက်လည်း အဆင်သင့်ဖြစ်အောင် အမြဲပြင်ဆင်ထားတတ်ပါတယ်။
.
(၂) အလုပ်ပိုလုပ်တယ်။

အပိုစကားတွေ အများကြီးပြောနေမယ့်အစား အလုပ်ကိုပဲ ဖိလုပ်လိုက်တယ်။ အောင်မြင်ရမယ်လို့ ကြွေးကြော်နေမယ့်အစား အောင်မြင်မှုတွေနဲ့ သက်သေပြတယ်။ ဘယ်လိုပြောရင် ကောင်းမလဲလို့ စဉ်းစားနေမယ့်အစား ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေတတ်တယ်။
.
(၃) အမြင်ရှင်းတယ်။

သူတို့မှာ အောင်မြင်မှုနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ အမြင်ရှိပါတယ်။ တစ်ချို့တွေက အောင်တော့ အောင်မြင်ချင်တယ်။ ဒါပေမယ့် အောင်မြင်မှုဆိုတာ ဘာမှန်း ရေရေရာရာမသိကြတဲ့သူတွေ ရှိပါတယ်။ မီလျံနာတွေအတွက်ကတော့ သူတို့အတွက် အောင်မြင်မှုဆိုတာ ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိပါတယ်။ အဲဒီ့တော့မှ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အဆင့်ကို ထပ်ပြီး စဉ်းစားပါတယ်။
.
(၄) သင်ယူမှုကို မရပ်တန့်ပါဘူး။

အောင်မြင်တဲ့ သူတွေ၊ ချမ်းသာတဲ့ မီလျံနာတွေတိုင်းမှာ တူညီတဲ့အချက်တစ်ခုကတော့ သူတို့ဟာ ဘယ်တော့မှ မရပ်တန့်ပါဘူး။ လေ့လာမှုတွေ၊ သင်ယူမှုတွေနဲ့ တိုးတက်မှုတွေကို ရပ်တန့်လိုက်ဖို့ သူတို့ ဘယ်တော့မှ မတွေးတတ်ပါဘူး။
.
(၅) အစကောင်းသလို၊ အနှောင်းသေချာတယ်။

သူတို့ဟာ အလုပ်တစ်ကိုစလုပ်ရင် သေချာလုပ်တတ်သလို၊ အဆုံးသတ်ကိုလည်း လှလှပပ အဆုံးသတ်တတ်ပါတယ်။ တစ်ချို့တွေလို အစပဲကောင်းပြီး နောက်ပိုင်း အဖျားရှုးသွားတာတွေ၊ အစကို တာထွက်မကောင်းတာတွေမျိုး မရှိပါဘူး။
_______________
#Credit to O.W

Secrets of LIFE(Complete)Where stories live. Discover now