#57.From School

15 4 0
                                    

ကျောင်းတွေမှာ လေ့ကျင့်ပေးသင့်တဲ့ စိတ်ဓါတ် (၆) ခု
=========================

(၁) သာတူညီမျှမှု..

တစ်ယောက်နဲ့တစ်ယောက်ကြားမှာ သာတူညီမျှမှု ရှိရမယ်ဆိုတဲ့ အလေ့အကျင့်ကို ကျောင်းတွေကစပြီး
လေ့ကျင့်ပေးသင့်ပါတယ်။ စာတော်တဲ့သူ မျက်နှာပိုရတယ်၊ ငွေကြေးပိုပြည့်စုံတဲ့သူက မျက်နှာပိုရတယ်၊ ပုဂ္ဂိုလ်ရေးအရ
ခင်မင်တဲ့သူက မျက်နှာပိုရတယ်ဆိုတဲ့ အသိမျိုးထက်စာရင် တစ်ယောက်နဲ့တစ်ယောက်ဟာ စာအတူတူလာသင်ကြတဲ့
သူတွေချည်းပဲဖြစ်တယ်ဆိုတဲ့ အသိကို ပိုပေးသင့်ပါတယ်။
.
(၂) လေးစားမှု..

လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရှိရမယ့် အခြေခံလေးစားမှု သဘောတရားတွေကို ကျောင်းနေအရွယ်ကတည်းက
သင်ကြားပေးသင့်ပါတယ်။ ကြီးတဲ့သူကိုဖြစ်စေ၊ ငယ်တဲ့သူကိုဖြစ်စေ၊ ရွယ်တူကိုဖြစ်စေ လေးစားမှု ထားတတ်ရပါမယ်။
တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိရမယ်ဆိုတဲ့ အသိကို ငယ်စဉ်ကတည်းက သင်ကြားပေးမှပဲ ကျောင်းပြီးလို့
အရွယ်ရောက်တဲ့အခါ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ အဟဇာတဖြစ်မှာ ဖြစ်ပါတယ်။
.
(၃) ကူညီရိုင်းပင်းမှု..

တစ်ချို့သူတွေက ကူညီတတ်တယ်။ တစ်ချို့သူတွေက ကူညီရမှာ ဝန်လေးတတ်ကြပါတယ်။ တကယ်တော့
လူသားတစ်ယောက်မှာ ရှိရမယ့် အခြေခံ ပရဟိတစိတ်ကို ကျောင်းနေတဲ့ကလေးအရွယ်မှာတင် အလေ့အကျင့်တစ်ခုအဖြစ်
ပျိုးထောင်ပေးသင့်ပါတယ်။
.
(၄) အကြမ်းဖက်ခြင်း..

ကျောင်းသားတွေအကြားမှာ ရန်ဖြစ်တယ်ဆိုတဲ့ ကိစ္စမျိုးတွေ တစ်ခါတစ်ရံမှာ ရှိတတ်ပါတယ်။ စိတ်သဘောထားချင်း
မတိုက်ဆိုင်တဲ့အခါမှာ ဒီလို လက်ရုံးအားကိုးပြီး ဖြေရှင်းရမယ်ဆိုတဲ့စိတ်ထက်စာရင် ဦးနှောက်သုံးပြီး ဖြေရှင်းရမယ်ဆိုတဲ့
အကျင့်မျိုးကို လုပ်ပေးရပါမယ်။ ရန်ဖြစ်တာ မကောင်းဘူးဆိုတဲ့ ဆုံးမစကားထက်စာရင် ညှိနှိုင်းဖြေရှင်းတာ ကောင်းတယ်
ဆိုတဲ့ အသိကို ထည့်ပေးသင့်ပါတယ်။
.
(၅) ကိုယ့်အားကိုယ်ကိုးတတ်အောင်..

အရာရာမှာ ဆရာတွေအပေါ်၊ မိဘတွေအပေါ် မှီခိုမှု ကင်းနိုင်သမျှကင်းအောင် လုပ်ပေးသင့်ပါတယ်။ ဒါမှလည်း ကလေးဟာ
အရွယ်ရောက်လာတဲ့အခါမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့အတူ ကိုယ့်တာဝန်ကိုယူလာနိုင်မှာလည်း ဖြစ်ပါတယ်။
ဆရာသင်တဲ့စာကိုပဲ သင်၊ သင်တဲ့စာကိုလည်း Guide ပြန်ငှားပြီးကျက်၊ အမှတ်ကောင်းဖို့ကိုလည်း မိဘတာဝန်
ပုံချလိုက်မယ်ဆိုရင်တော့ ဒီကလေးဟာ တကယ့်လူ့လောကထဲရောက်တဲ့အခါ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ဖို့
တော်တော်ကို အားထုတ်ယူရပါလိမ့်မယ်။
.
(၆) တာဝန်ယူခြင်း..

ဒီဘက်ခေတ်ကျောင်းသားတွေမှာ တာဝန်ယူတတ်တဲ့စိတ် နည်းလာပါပြီ။ အမှတ်နည်းတာ ဆရာစာသင်တာမကောင်းလို့၊
စာမေးပွဲကျတာ ဘာဖြစ်လို့၊ ညာဖြစ်လို့ စသဖြင့် တစ်ခုခုအပေါ်မှာ လွှဲချတတ်ကြပါတယ်။ မိဘတွေကိုယ်တိုင်ကိုက
သား၊သမီးကို ထူးချွန်စေချင်တာကြောင့်လည်း ကလေးရဲ့တာဝန်ကို သူတို့ပုခုံးပေါ် ထမ်းလိုက်ကြပါတယ်။ ပြီးတော့
သူတို့ရဲ့မျှော်လင့်ချက်တွေကိုတော့ ကလေးရဲ့ပုခုံးပေါ် ပြောင်းတင်လိုက်ကြပါတယ်။
___________

#Credit to O.W
#ရွှေညာမောင်

Secrets of LIFE(Complete)Where stories live. Discover now