#52.အဖြည့်ခံ

15 3 0
                                    

သင်ဟာ သူ့အတွက် အဖြည့်ခံဖြစ်နေပြီလား?
********************************

သူဟာအရင်နဲ့မတူဘဲ ပြောင်းလဲလာပြီလား? ကိုယ်တို့နှစ်ယောက်ကြား သူစိမ်းဆန်လာပြီလား? သူ့ ဂရုစိုက်မှုတွေကို မခံစားရတာ ကြာပြီလား? အရေးကြီးဆုံးမေးခွန်းကတော့ ကိုယ်ဟာ
တကယ်ပဲ သူ့အတွက် အဖြည့်ခံသက်သက် ဖြစ်နေပြီလား?
.
၁။ အရင်လို ကြည်နူးစရာစကားလေးတွေ မကြားရတာ ကြာပြီ…

နှစ်ယောက်သား စတွေ့တုန်းကလို၊ စချစ်တုန်းကလို ကြည်နူးစရာစကားလေးတွေ သူ့ဆီကနေ မကြားရတော့ပါဘူး။ ကိုယ့်ဘက်က နူးညံ့တဲ့စကားလေးတွေ မျှော်လင့်နေမိတတ်ပေမယ့်
သူ့ဘက်က ဒီစကားမျိုးလေးတွေအတွက် မလိုအပ်ဘူးလို့ စတင်ယူဆလာတတ်ပါပြီ။ တကယ်တော့ relationship တစ်ခုမှာ တွဲနေတဲ့ သက်တမ်းကြာပြီဖြစ်စေ၊ မကြာသေးဘူးဖြစ်စေ
တစ်ယောက်ကိုတစ်ယောက် နူးညံ့ကြည့်နူးမှုပေးနိုင်တဲ့ စကားမျိုးလေးတွေ လိုအပ်ပါတယ်။
.
၂။ ကိုယ့်အတွက် သူ့မှာ အချိန်မရှိတော့ဘူး…

လူတိုင်းမှာ လုပ်စရာတာဝန်နဲ့ ဝတ္တရား ကိုယ်စီရှိပါတယ်။ မိသားစုကိစ္စတွေ၊ အလုပ်ကိစ္စတွေနဲ့ တခြားသောကိစ္စတွေ ကြောင့် သူ့မှာ ကိုယ့်အတွက် အချိန်မရှိတော့ဘူးလား။
သူပိုင်တဲ့ အချိန်အားလုံးကို ကိုယ်ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ကိုယ်သာ တကယ်တမ်း သူ့အတွက် အရေးကြီးပုဂ္ဂိုလ်စာရင်းမှာ ပါမယ်ဆိုရင် အတိုင်းအတာတစ်ခုထိတော့
သူကိုယ့်အတွက် အချိန်ပေးသင့်ပါတယ်။
.
၃။ ဖုန်းပြောဖို့ အချိန်မရှိတော့ဘူး…

လူငယ်စုံတွဲတွေအတွက်ကတော့ ညဘက်ဖုန်းပြောတဲ့ကိစ္စက သူတို့အချစ်ရေးမှာ အရေးပါပါတယ်။ နှစ်ယောက်သား တွဲလာတဲ့တစ်လျှောက် အချိန်တိုင်းအလိုလို ဖုန်းပြောခဲ့ကြပေမယ့်
နောက်ပိုင်းမှာ သူ့ဘက်က ဖုန်းပြောဖို့ဆန္ဒမရှိတော့ဘူးဆိုရင်တော့ ကိုယ့်ဘက်က စိတ်မကောင်းဖြစ်ရမှာပါပဲ။ နာရီနဲ့ချီပြီး အကြာကြီးမပြောနိုင်ရင်တောင် ညဘက်အိပ်ရာဝင်ကာနီး
နှုတ်ဆက်စကားလေးတွေတော့ ပြောသင့်ပါတယ်။ အသေးစားကိစ္စလေးတွေကလည်း ကိုယ်တို့အချစ်ရေးခိုင်မြဲဖို့ အထောက်အပံ့ဖြစ်စေပါတယ်။
.
၎။ sms လေးတွေ မရတော့သလို၊ chatting မှာလည်း သူ သွေးအေးသွားပြီ…

Secrets of LIFE(Complete)Where stories live. Discover now