#24.Happiness

33 4 0
                                    

သင်ကိုယ်တိုင် ဖျက်စီးနေတဲ့ သင့်ရဲ့ပျော်ရွှင်မှု
==================

တစ်ခါတစ်လေမှာ တစ်စုံတစ်ယောက်ကြောင့် မပျော်ရတာတို့၊ စိတ်ညစ်ရတာတို့တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ ကိုယ်ကိုယ်တိုင်ဟာ မရည်ရွယ်ဘဲနဲ့ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို ဖျက်စီးမိနေတဲ့ အနေ အထားမျိုးလေးတွေ ရှိတတ်ပြန်ပါတယ်။ ဒီတော့ ဒါလေးတွေကို သတိထားပြီး ရှောင်ကြဉ်လိုက်ရအောင်ဗျာ..
.
(၁) တစ်ယောက်ယောက်ကို အားကျခြင်း

လူတစ်ယောက် နည်းနည်းအောင်မြင်ရင် မနာလိုဖြစ်ပြီး အရမ်းအောင်မြင်ရင်တော့ အားကျတတ်တာ လူ့သဘာဝပါ။ ဒီလူ အောင်မြင်ပြီဆိုတာနဲ့ သူဟာ ကံကောင်းတယ်သူလို့ ထင်ကြပါတယ်။ သူ့ရဲ့ အောင်မြင်တဲ့အပိုင်းကိုပဲ မြင်ပြီး သူ့လိုဖြစ်ချင်လာပါတယ်။ (သူဘယ်လို အနစ်နာခံပြီး ကြိုးစားခဲ့ရသလဲဆိုတာကို တွေးတဲ့သူ နည်းပါတယ်။) ဖြစ်ချင်လာတဲ့စိတ်က ဒီတိုင်းရပ်မနေဘဲ ကိုယ့်လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်မိတဲ့အခါ ကိုယ့်ကိုယ်ကို သိမ်ငယ်မှုတွေ ခံစားလာရပါတယ်။ ဒီမှာတင် တစ်စုံတစ်ယောက်ကို အားကျတဲ့စိတ်က ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို ဖျက်စီးလိုက်ပါတော့တယ်။
.
(၂) ချုပ်ကိုင်ဖို့ ကြိုးစားခြင်း။

Control လုပ်ချင်တဲ့စိတ်က သင့်ရဲ့စိတ်ချမ်းသာမှုကို အတော်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားရာကနေ ပျော်ရွှင်မှုတွေ ကန့်သတ်သလို ဖြစ်သွားတယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို ထိန်းချုပ်ဖို့ ကြိုးစားရင်းနဲ့လည်း ကိုယ့်ကို ပူပင်သောကတွေ ဖြစ်စေတယ်။ (အထူးသဖြင့် သမီးရည်းစားတွေမှာ ဖြစ်တတ်ပါတယ်။)
.
(၃) နှလုံးသားရေးအတွက် အယူအဆတွေ။

သင့်အချစ်ရေးဟာ ပျော်ရွှင်ရမယ်ဆိုပြီး မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့ရင်လည်း သင်ဟာ လုံးလုံးမှားပါပြီ။ မတူညီတဲ့ လူနှစ်ယောက်ရဲ့ တူညီတဲ့ပန်းတိုင်ကို သွားကြတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေ၊ မတိုက်ဆိုင်မှုတွေ ရှိပါလိမ့်မယ်။ တစ်ခါတစ်လေမှာတော့ ပူပင်သောကတွေတောင် ဖြစ်စေပါလိမ့်မယ်။ ဒီတော့ အချစ်ရေးကြောင့် အမြဲတမ်းပျော်ရမယ် မျှော်လင့်ထားရင်တော့ သင်မှားပါတယ်။
.
(၄) တိုးတက်လွန်းချင်တဲ့စိတ်တွေ။

တိုးတက်ချင်တဲ့စိတ်ဟာ ပျော်ရွှင်မှုတွေကို ဖျက်စီးတယ်ဆိုလို့ တလွဲတော့မတွေးပါနဲ့ခင်ဗျာ။ တိုးတက်ချင်တဲ့ စိတ်ဟာ ကောင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံဆိုရင်တော့ သင့်ရဲ့ပျော်ရွှင်ဖို့ကောင်းတဲ့အချိန်တွေကို ပျောက်ပျက်သွားစေနိုင်ပါတယ်။ ဒီတော့ စိတ်အပန်းဖြေရမယ့်အချိန်မှာ အပန်းဖြေပြီး ကြိုးစားရမယ့် အချိန်မှာ ကြိုးစားသင့်ပါတယ်။ ဘာပဲလုပ်လုပ် မျှတအောင် လုပ်ဆောင်သင့်ပါတယ်။ (များများကြိုးစားဖို့တော့ တိုက်တွန်း ပါရစေနော်။)
.
(၅) မဖြစ်နိုင်တဲ့ ယုံကြည်စိတ်တွေ။

မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတဲ့စကားတွေ ရှိပါတယ်။ နောက်ပြီး ကြိုးစားရင် အရာတိုင်းဖြစ်နိုင်တယ်ဆိုတဲ့စ ကားတွေလည်း ရှိပါတယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် လုံးဝကိုမဖြစ်နိုင်တဲ့ ယုံကြည်မှုတွေ ရှိပါတယ်။ အထူးသဖြင့် စိတ်ရဲ့သာယာမှုအတွက် စိတ်ကူးယဉ်ဆန်တဲ့ ယုံကြည်မှုမျိုးတွေပါ။ ဥပမာ - ကိုရီးယားက မင်းသား၊မင်းသမီးတွေကို အလွန်အကျွံစွဲလန်းတာမျိုးပေါ့။ ဒါတွေဟာ သင့်ရဲ့မသိစိတ်ကို ပင်ပန်းစေပါတယ်။
______________

#Credit to O.W
#ရွှေညာမောင်

Secrets of LIFE(Complete)Where stories live. Discover now