#54.Stress

14 3 0
                                    

ပြသနာတွေကြောင့် စိတ်ဖိစီးလာတဲ့အခါ
=====================

တစ်ချို့ပြသနာတွေက ရင်ဆိုင်ရတာ သိပ်ခက်လွန်းတယ်။ အထူးသဖြင့် စိတ်အားငယ်တာတွေ၊ စိတ်ဖိစီးတာေ
တွ၊ စိတ်ဓါတ်ကျတာတွေ၊ စတဲ့ စိတ်ပိုင်းဆိုင်ရာပြသနာတွေ၊ ဝမ်းနည်းတာတွေ၊ နာကျင်တာတွေ စတဲ့ ခံစားမှုနဲ
့ဆိုင်တဲ့ ပြသနာတွေဟာ ဖြေရှင်းရ သိပ်ခက်သွားရော။ အဲဒီ့ ပြသနာဟာ အခက်အခဲတစ်ခုဖြစ်ရုံတင်မကတော့ဘဲ
ကိုယ့်ရဲ့ စိတ်နဲ့ ခံစားချက်ကိုပါ ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
.
(၁) အနာဂတ်ကို အာရုံစိုက်ပါ။

သာမန်အားဖြင့်ဆိုရင်တော့ ပြသနာဖြစ်လာရင် ပြသနာကို အာရုံစိုက်သင့်ပါတယ်။ ဒါပေမယ့် ကိုယ့်ခံစားချက်
တွေပါ ပါနေတဲ့ ပြသနာမျိုးဆိုရင်တော့ ကိုယ့်ရဲ့အနာဂတ်ကို ခေါင်းထဲထည့်ထားသင့်ပါတယ်။ (ဥပမာအနေနဲ့
ဆိုရင်တော့ အသည်းကွဲတဲ့ပြသနာမျိုးတွေပေါ့) လက်ရှိအချိန်မှာ နာကျင်နေပေမယ့် ဒါတွေဟာ နောင်တစ်ချိန်မှာ
ကိုယ့်အတွက် အဆင်ပြေသွားနိုင်ပါတယ်။ ဒီတော့ ဒီလိုပြသနာမျိုးတွေကို ဖြေရှင်းတဲ့နေရာမှာ စိတ်ညစ်စရာ
ကောင်းတဲ့ ပစ္စုပ္ပန်ကို စဉ်းစားတာထက်စာရင် စိတ်ချမ်းမြေ့စရာကောင်းနေမယ့် အနာဂတ်ကို စဉ်းစားလိုက်တာ
ပိုကောင်းပါတယ်။
.
(၂) ပြသနာဖြေရှင်းနည်း။

ပြသနာတစ်ခုကို ခေါင်းထဲထည့်နေရပြီဆိုရင် သူ့ရဲ့အဓိကရည်ရွယ်ချက်က ပြသနာပြေလည်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
ဒီတော့ ပြသနာကို ဦးနှောက်ထဲမှာပဲထည့်ပြီး ဖြေရှင်းရမယ့် နည်းလမ်းတွေကို စဉ်းစားသင့်ပါတယ်။ ပြသနာေ
တွကို ရင်ဘတ်ကြီးထဲထည့်ပြီး ခံစားနေရမှာ မဟုတ်ပါဘူး။ ဒီတော့ ပြသနာတစ်ခုဖြစ်လာရင် ထိုင်ပြီး စိတ်ညစ်
နေမယ့်အစား ဖြေရှင်းနိုင်ဖို့ကိုပဲ ဦးစားပေးလုပ်ဆောင်လိုက်ပါ။
.
(၃) အကောင်းလေးတွေရှာပါ။

ပြသနာတစ်ခု ဖြစ်လာတယ်ဆိုတာ ကောင်းတဲ့အရာလို့တော့ ပြောလို့မရပါဘူး။ ဒါပေမယ့် ယူတတ်မယ်ဆိုရင်
တော့ ကောင်းတဲ့အရာလေးတွေ ရှိပါတယ်။ ကိုယ့်အတွက် အတွေ့အကြုံတွေ ရလာမယ်။ ကိုယ်မသိသေးတာ၊
မတတ်သေးတာတွေ တတ်လာမယ်၊ သိလာမယ်။ ကိုယ့်အတွက် ရန်သူ၊ မိတ်ဆွေတွေကိုလည်း နားလည်လာ
မယ်။ နောက်ပြီး ဆိုရိုးတစ်ခုရှိပါသေးတယ်။ "ကံတရားဟာ ကျွန်တော်တို့ကို လက်ဆောင်ပေးချင်ရင်၊ ပြသနာ
တစ်ခုအဖြစ်နဲ့ ပါဆယ်ထုပ်ပြီး ပေးလေ့ရှိတယ်" တဲ့။ ဒီတော့ ဒီပါဆယ်လေးကို ဖွင့်ပြီး တကယ်အကျိုးရှိမှာလေး
တွေကို ယူသင့်ပါတယ်။
.
(၄) သင်ခန်းစာယူပါ။

အမှားတွေမှာလည်း သင်ခန်းစာတွေရှိသလို၊ ပြသနာမှာလည်း သင်ခန်းစာတွေ ရှိပါတယ်။ အမှားရဲ့ သင်ခန်း
စာဟာ နောက်တစ်ခါ မဖြစ်အောင်ပါ။ ပြသနာရဲ့ သင်ခန်းစာကတော့ ကိုယ့်ရဲ့တိုးတက်မှု၊ ရင့်ကျက်မှု၊ သည်းခံနု
ိင်မှုနဲ့ ကိုယ့်အတွက် အကျိုးရှိနိုင်မယ့် သင်ခန်းစာတွေပါ။

ပြသနာတစ်ခုဖြစ်လာမယ်ဆိုရင် ရှောင်လွှဲဖို့မကြိုးစားပါနဲ့။ ရင်ဆိုင်လိုက်ပါ။
ရင်ဘတ်ထဲထည့်ပြီးလည်း မခံစားပါနဲ့။ ခေါင်းထဲထည့်ပြီး ဖြေရှင်းလိုက်ပါ။
___________
#Credit to O.W
#ရွှေညာမောင်

Secrets of LIFE(Complete)Donde viven las historias. Descúbrelo ahora