#43.Eyes

18 3 0
                                    

သင့်ကို အကဲဖြတ်ကြမယ့် အချက်များ
□□□□□□□□□□□□□□□□□□□

လူတစ်ယောက် ဘယ်လိုလူမျိုးလဲဆိုတာက သူ့ရဲ့ပင်ကိုစိတ်ရင်း၊ ယုံကြည်မှုနဲ့ ဗီဇလက္ခဏာတွေက အရေးကြီးပါတယ်။ ဒါပေမယ့် ဒါတွေကို မကြည့်ခင်မှာ သင့်ရဲ့အပေါ်ယံတွေကိုကြည့်ပြီး သင်ဟာ ဘယ်လိုလူမျိုးဖြ
စ်တယ်ဆိုပြီး လူတွေက အလွယ်သတ်မှတ်လိုက်ကြပါတယ်။ လူတွေကြားမှာ နေမယ်ဆိုရင်တော့ ဒီအချက်တွေကို လျစ်လျူရှုလိုက်လို့မရပါဘူး။

(၁) သင့်ရဲ့ အဝတ်အစားတွေ။
"တောင်းမှာ အကွပ်၊ လူမှာ အဝတ်" ဆိုတဲ့စကားအတိုင်း ဝတ်စားဆင်ယင်မှုပေါ်မူတည်ပြီး သင့်ကိုလူတွေက အကဲဖြတ်ပါလိမ့်မယ်။ တစ်ချို့တွေက သင့်ရဲ့ အဝတ်အစားတံဆိပ်ကိုကြည့်ပြီး အကဲဖြတ်မယ်။ တစ်ချို့တွေက
သင့်ရဲ့ ဝတ်စားဆင်ယင်မှု ပုံစံကိုကြည့်ပြီး အကဲဖြတ်မယ်။ သေချာတာတော့။ သင်ဘယ်သူလဲဆိုတာကို သင့်ရဲ့ စရိုက်လက္ခကိုကြည့်ပြီး မဆုံးဖြတ်ခင် သင့်ရဲ့အဝတ်အစားနဲ့ အသုံးအဆောင်ကိုကြည့်ပြီး ဆုံးဖြတ်ပါလိမ့်မယ်။

(၂) သင့်ရဲ့စကားပြောဆိုပုံ။
သင်ဟာ စကားတစ်ခွန်းကို ဘယ်လိုပြောတတ်တယ်ဆိုတာနဲ့ သင့်ရဲ့စကားတစ်ခွန်းအပေါ် တာဝန်ယူနိုင်စွမ်းပေါ်မူတည်ပြီး သင့်ကိုလူတွေက လေးစားမှုတွေ၊ ဝေဖန်မှုတွေ ပြုလုပ်ကြပါလိမ့်မယ်။ ဘာမှရေးကြီးခွင်ကျယ်မ
ဟုတ်ပေမယ့် စကားတစ်ခွန်းဟာ သင့်ရဲ့တန်ဖိုးသဖွယ် ဖြစ်သွားပါတယ်။

(၃) ပိုက်ဆံသုံးပုံ။
သင်ဟာ ပိုက်ဆံကို ဘယ်လိုနေရာတွေမှာ သုံးတယ်ဆိုတာနဲ့တင် သင်ဟာဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာနဲ့ ဘယ်အရာတွေကို ခုံမင်နှစ်သက်တယ်ဆိုတာကို အလွယ်တကူပဲသိနိုင်ပါတယ်။ ပိုက်ဆံဘယ်လောက်သုံးတယ်ဆု
ိတာကိုတော့ တစ်ချို့လူတွေက စောင့်ကြည့်ပြီး မှတ်ချက်ပေးတတ်ပါတယ်။

(၄) ကိုယ်နေဟန်ထား။
သွားပုံလာပုံ၊ ပြောပုံဆိုပုံနဲ့ အမူအယာတွေပေါ်မူတည်ပြီးလည်း လူတွေက သင့်ကို ဘယ်လိုလူမျိုးလဲဆိုတာကို သတ်မှတ်တတ်ပါတယ်။ ဥပမာ - လမ်းလျှောက်တာမြန်ရင် စိတ်မြန်တဲ့သူတို့၊ စကားပြောနှေးရင် စဉ်းစား
တတ်တဲ့သူတို့။

(၅) အသက်မွေးဝမ်းကြောင်း။
ဒါကတော့ သိသာတဲ့အချက်ပါ။ သင့်ရဲ့အလုပ်နဲ့ ငွေရှာပုံက သင်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ ယေဘုယျအားဖြင့် ထင်ဟပ်နေစေပါတယ်။

(၆) အနီးနားက မိတ်ဆွေတွေ။
သင့်အနီးအနားမှာ ဘယ်လိုလူမျိုးတွေနဲ့ ခြံရံထားလေ့ရှိသလဲဆိုတာကို ကြည့်ပြီး သင်ဟာဘယ်လိုလူဖြစ်တယ်ဆိုပြီး လွယ်လွယ်အကဲဖြတ်တတ်ပါတယ်။ ဒီအချက်က အငြင်းပွားစရာရှိပေမယ့် လူတွေရဲ့ပင်ကိုယ်စိတ်ကိုက ဒီလို မှတ်ချက်ပေးတတ်တာပါ။

#Credit to O.W
#ရွှေညာမောင်

Secrets of LIFE(Complete)Where stories live. Discover now