#66.Successs

20 3 0
                                    

အောင်မြင်ချင်ရင် ကိုယ့်အကြောင်းကို အရင်စဉ်းစား
============================

သင်ဟာ အောင်မြင်ချင်တဲ့ သူတစ်ယောက်လား? ဒါဆိုရင် သူများအကြောင်းတွေ လေ့လာဖို့ထက် ကိုယ့်အကြောင်းကို သိဖို့ ပိုအရေးကြီးပါတယ်။ ဘီဂိတ်လ် မနက်ကျရင် ဘာလုပ်လဲဆိုတာကို သိဖို့ထက် သင်မနက်ကျရင် ဘာလုပ်မှာလဲဆိုတာက ပိုအရေးကြီးပါတယ်။ စတိဂျော့ဟာ ဘာလုပ်လို့ အောင်မြင်သွားတယ်ဆိုတာထက် သင့်အနေနဲ့ အောင်မြင်အောင် ဘယ်လိုလုပ်ရမှာလဲဆိုတာ ပိုအရေးကြီးပါတယ်။ (အောင်မြင်တဲ့သူတွေကို မလေ့လာရဘူးလို့ မဆိုလိုပါဘူး။ ကိုယ့်ကိုယ်ကိုအရင်လေ့လာဖို့လိုတယ်လို့ ပြောတာပါ။)
.
သေချာတာကတော့ ဘီဂိတ်ဟာ သူ့ရှေ့က အိုင်းစတိုင်းကို အားကျနေတာထက်စာရင် သူ့အောင်မြင်မှုကိုပဲသူ ခေါင်းထဲထည့်တယ်။ စတိဂျော့ဟာ ဂရေဟမ်ဘဲလ်ကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်မယ့်အစား သူ့အလုပ်ကိုပဲ သူကောင်းအောင်လုပ်တယ်။
.
အောင်မြင်ချင်တဲ့သူတစ်ယောက်အနေနဲ့ အောင်မြင်သူတွေရဲ့ အမူအကျင့်ကို လေ့လာတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က အောင်မြင်တဲ့ အပြုအမူတွေကို လုပ်ဆောင်ဖို့က ပိုအရေးကြီးပါတယ်။ ကိုယ်ဟာ ဘယ်လိုလူလဲ။ ကိုယ်ဟာ ဘာဖြစ်ချင်တာလဲ။ ကိုယ့်အားသာချက်က ဘာလဲ။ ကိုယ့်အားနည်းချက်က ဘာလဲ။ ဒီအရာတွေကို ဆင်ခြင်သုံးသပ်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို လျှောက်သင့်ပါတယ်။
____________
အောင်မြင်နိုင်ကြပါစေဗျာ..

#Credit to O.W
#Rose

Secrets of LIFE(Complete)Where stories live. Discover now