#15.The 7 Self Sabotages

52 6 0
                                    

"ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေနိုင်သော အချက် ၇ ချက် နှင့် ၄င်းအချက်များကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းများ"
(The 7 Self Sabotages And How To Overcome Them)

(အေးအေးဆေးဆေး အချိန်ပေးနိုင်တဲ့အချိန်မှ ဖတ်ပါ။)

သင့်မှာ ဒီအချက်တွေထဲက တစ်ခုခုရှိနေရင် ကိုယ့်ကိုယ်ကိုယ် မရည်ရွယ်ပဲ ဖျက်ဆီးမိသူ ဖြစ်နေနိုင်ပါတယ် ...

အဲဒါတွေကတော့ ...

1. I don't know what I really want
ကိုယ်လိုချင်တာ ဘာမှန်းမသိတာ

2. I don't deserve it
ကိုယ့်ကိုယ်ကိုယ် လိုချင်တာနဲ့ မထိုက်တန်ဘူးထင်တာ

3. I don't have time, money or resources.
ကိုယ့်မှာ အချိန်၊ ငွေနဲ့ လိုတဲ့ အရင်းအမြစ်တွေ မရှိဘူးထင်တာ

4. It's too difficult
ကိုယ်လိုချင်တာဖြစ်ဖို့ အရမ်းခက်တယ်လို့ ထင်တာ

5. I have to do it my way
ဘယ်သူ့အကြံဥာဏ်မှ မယူပဲ ကိုယ့်ဟာကိုယ်ပဲ လုပ်မယ်စဉ်းစားတာ

6. They don't want me to ...
ကိုယ်ဖြစ်ချင်တာထက် အခြားသူတွေ ဖြစ်ချင်တာပဲ စဉ်းစားတာ

7. I am afraid
ဆုံးရှုံးရမှာကို လိုတာထက် ပိုကြောက်တာ
.....................................................................
ဒါတွေဖတ်ပြီးရင် ကိုယ့်ကိုယ်ကိုယ် တွေးကြည့်ပါ

- သင်ရော ကိုယ့်ကိုယ်ကိုယ် ဖျက်စီးမိနေပြီလား၊
- အပေါ်ထဲက အချက်ဘယ်နှစ်ချက်တိုက်ဆိုင်လဲ၊
- ဘယ်လိုကျော်ဖြတ်မယ် စဉ်းစားလဲ၊
- အဲဒါလေးတွေ တွေးပြီးပြုပြင်ဖို့ အထောက်အကူဖြစ်စေမယ့် အချက်လေးတွေပါ တင်ပေးလိုက်ပါတယ်။ ကိုယ်နဲ့ဆိုင်တာကို ရွေးချယ်ဖတ်လို့ရပါတယ်။ မအားလပ်လို့ တစ်ဦးချင်း Reply မလုပ်ပေးနိုင်တာ ခွင့်လွှတ်စေချင်ပါတယ်။

========================

1. I don't know what I really want
ကိုယ်လိုချင်တာ ဘာမှန်းမသိတာ

သင့်ဘ၀အတွက် အရေးကြီးတဲ့ ရည်မှန်းချက်များ မချမှတ်မှီ အရေးတကြီး ချက်ချင်းလုပ်ရမှာကတော့ သင်အမှန်တကယ် ဘာကိုလိုချင်သလဲဆိုတာပါပဲ။ ကျွန်တော်တို့ လူတော်တော်များများမှာ Goal Conflict တွေ ရှိပါတယ်၊ သင်သတိမထားမိတာသာ ဖြစ်ပါမယ်၊ သင်ဟာတစ်ပြိုင်တည်းမှာ အများကြီးရဖို့ ကြိုးပမ်းနေမယ်၊ ဒါမှမဟုတ် သင်ဟာ မတူညီတာတွေ အများကြီးကို တစ်ခါတည်းလိုချင်နေမယ်၊ ပြီးတော့ အဲဒီလို အာရုံပြန့်ပြားမှုတွေကြောင့် ဘာမှ မစတင်နိုင်ဘူးဖြစ်နေမယ်။

Secrets of LIFE(Complete)Where stories live. Discover now