#13.လမ်း​ဖောက်​သူနဲ့လိုက်​​လျှောက်​သူ

39 7 0
                                    

''လမ်းဖောက်သူနဲ့ လိုက်လျှောက်သူ''
.......................

လောကဝန်းကျင်မှာ လူ၂မျိုးရှိတယ်..။

တစ်မျိုးက ကိုယ်တိုင်စွန့်စားပြီး လမ်းဖောက်ချင်တယ်..၊

တစ်မျိုးက သူများဖောက်သွားတဲ့လမ်းကိုပဲ အဆင်သင့်လျှောက်ချင်တယ် ..၊

လမ်းဖောက်သူဆိုတာ အရင်းအနှီးကြီးတယ်၊

ပင်ပန်းမယ် ခက်ခဲမယ် ဆုံရှုံးရတာလည်းရှိမယ် ၊

စတေးရတာလည်းရှိမယ် ၊

စိတ်ဓာတ်ကျရတာတွေလည်းရှိမယ် ၊

ဒါပေမဲ့ ..

ကိုယ်စဖောက်တဲ့လမ်းကလေးမှာ လိပ်ပြာသန့်သန့်ရင်ကော့လျှောက်နိုင်တယ်..။

လိုက်လျှောက်သူကတော့ ရှေ့ကလမ်းဖောက်သူရဲ့ခြေလှမ်းတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေလိုက်ရုံပဲ ။

ရှေ့က လမ်းဖောက်သူက အရှုံးနဲ့ရင်ဆိုင်တာမြင်ရရင် အဲ့ဒီ့လမ်းကို သူမလျှောက်ဘဲ နေလိုက်မယ် ။

ရှေ့က လမ်းဖောက်သူက အောင်မြင်သွားတာမြင်ရရင် သူလည်း လိုက်လျှောက်မယ် ။

သူကတော့ အရင်းအနှီးမကြီးဘူးပေါ့ ။

လမ်းဖောက်သူလောက် မပင်ပန်းဘဲ
လမ်းဖောက်သူ ရတဲ့ အကျိုးစီးပွားမျိုးကို သူလည်းရနိုင်တာပေါ့ ။

ဒါပေမဲ့....

တစ်ခုတော့ရှိတယ်..

သူဟာ ..

အမြဲ လမ်းဖောက်သူရဲ့ နောက်မှာပဲရှိရတယ်။

#Credit to O.W
#ပုညခင်

Secrets of LIFE(Complete)Where stories live. Discover now