#14.Values

44 6 0
                                    

10 Core Values - နိုင်ငံတကာမှာသုံးနေတဲ့ လုပ်ငန်းတန်ဖိုးတရားများ

10 Core Values ရဲ့ အခြေခံသဘောကတော့ မိမိကိုယ်ကို တန်ဖိုးထားသူတွေဟာ သူတပါးရဲ့တန်ဖိုးထားမှုကိုရစေနိုင်သလို၊ မိမိရဲ့လုပ်ငန်းခွင်ကိုလည်း တခြားလုပ်ငန်းများနဲ့မတူညီစွာ တန်ဖိုးတရားသတ်မှတ်ထားခြင်းအားဖြင့် လုပ်ငန်းရဲ့ တန်ဖိုးတရားများကို ရရှိစေနိုင်ခြင်းပဲဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းခွင်တစ်ခုရဲ့ စဉ်ဆက်မပြက်တန်ဖိုးတက်စေဖို့ဆိုရင်
Core Vales (တန်ဖိုးတရား) သတ်မှတ်ချက်တွေဟာ လွန်စွာအရေးကြီးတယ်လို့ဆိုနိုင်ပါတယ်။

နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Core Values များကို ခြုံငုံသုံးသပ်ကြည့်
လျှင် အောက်ပါအချက်များဖြင့် ပါဝင်သတ်မှတ်ပြီး လုပ်ငန်းတခုနဲ့တခုမတူညီစွာဖြင့် ရေးဆွဲပြဌါန်းကြတာတွေ့ရပါတယ်။
Core Values ရဲ့ အရေးကြီးတဲ့ အခြေခံအချက်တွေမှာ

(1) Accountability ( တာဝန်ယူမှု ) လုပ်ငန်းခွင်အတွင်း ပါဝင်ပတ်သတ်နေသူအားလုံးမှ တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံယူမှုများဖြင့် ဆောင်ရွက်နိုင်ခြင်း။

(2) Balance ( တရားမျှတမှု ) မတူညီမှုများစုစည်းထားသည့် လုပ်ငန်းအတွင်း ဘက်မလိုက်မှု၊ တန်းတူပေးမှု၊ လေးစားပေးမှု၊ လွတ်လပ်မျှတမှုဖြင့် ဆောင်ရွက်နိုင်ခြင်း။

(3) Commitment ( သံဓိဌါန်ရှိမှု ) မိမိကိုယ်တိုင်နှင့် လုပ်ငန်းခွင်အတွင်း ပိုမိုတိုးတက်အောင်မြင်မှုသို့ ရှေ့ရှုသည့် ရည်ရွယ်ချက်များနှင့်အညီ သံဓိဌါန်ထား ဆောင်ရွက်နိုင်ခြင်း။

(4) Community ( လူမှုတာဝန်ရှိမှု ) မိမိလုပ်ငန်းခွင်နှင့် စပ်လျှပ်နေသည့် ဖောက်သည်များ၊ ပံ့ပိုးပေးသူများအားလုံးနှင့် လိုက်လျှောညီထွေစွာ တာဝန်ယူဆောင်ရွက်နိုင်ခြင်း။

(5) Diversity ( ကွဲပြားခြားနားမှု ) လုပ်ငန်းခွင်အတွင်း တာဝန်ခွဲဝေသတ်မှတ်မှု၊ ရာထူးအာဏာအပ်နှင်းမှု နှင့် လုပ်ပိုင်ခွင့်များကို တရားမျှတစွာ စီမံဆောင်ရွက်နိုင်ခြင်း။

(6) Empowerment ( လုပ်ပိုင်ခွင့် ) တိကျသေချာသည့် လုပ်ငန်းဆောင်ရွက်မှုများနှင့် အထက်-အောက် အသွင် အပြန်အလှန်အကျိုးပြုမှုပုံစံ စည်းလုံးမှုများဖြင့် စီမံဆောင်ရွက်နိုင်ခြင်း။

(7) Innovation ( ဆန်းသစ်မှု ) ခေတ်ပြိုင်ဈေးကွက်နှင့်အညီ လုပ်ငန်းခွင်နှင့် စွမ်းဆောင်မှုအရည်အသွေးများ အလိုက်သင့် ဆန်းသစ်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခြင်း။

(8) Ownership ( ကိုယ်ပိုင်အမြင်ရှိမှု ) ကိုယ်ပိုင်လုပ်ငန်းခွင်ပုံစံမျိုး စိတ်ထားပြီး လုပ်ငန်းတိုးတက်လာမှု နှင့်အတူ မိမိ၏ တိုးတက်လာနိုင်မှုသို့ယှဉ်တွဲပြီး ဦးတည်ဆောင်ရွက်နိုင်ခြင်း။

(9) Integrity ( သိက္ခာရှိမှု ) ၀န်ထမ်းတဦးချင်းရဲ့ သိက္ခာစောင့်ထိန်းမှုဖြင့် အဆင့်အတန်းမြင့်မားလာမှုသို့ မိမိကိုယ်တာဝန်ယူမှုဖြင့် စည်းကမ်းထိန်းသိမ်း ဆောင်ရွက်နိုင်ခြင်း။

(10) Safety ( လုံခြုံစိတ်ချမှု ) လုပ်ငန်းခွင် လုံခြုံစိတ်ချမှုအပေါ် အခြေခံပြီး စိတ်ကျေနပ်ဖွယ်ကောင်းသော လုပ်ငန်းပတ်ဝန်းကျင်အဖြစ် အားလုံးပါဝင်ဆောင်ရွက်နိုင်ခြင်း။

လုပ်ငန်း၏အတွင်းပိုင်း အားသာချက်ဆိုတာ လုပ်ငန်းတိုင်း (၁၀၀%) ပြင်ဆင်ဆောင်ရွက်နိုင်ပြီး၊ အတွင်းပိုင်းအားသာလေလေ လုပ်ငန်းပြင်ပပိုင်းအောင်မြင်လေလေဖြစ်ပါတယ်။

ယခု 10 Core Values အခြေခံအချက်များကို ကိုးကားပြီး လုပ်ငန်းများ၏ တန်ဖိုးတရားများကို ရှေ့ရှုဖော်ဆောင်ခြင်းအားဖြင့် ယခင်နဲ့မတူညီတဲ့ တန်ဖိုးတိုးတက်မှုများစွာ ပြောင်းလဲလာမှာဖြစ်လို့ အုပ်ချုပ်မှုမဟာဗျူဟာ (HR Management) ဆိုင်ရာ လုပ်ငန်းနည်းစနစ်များဖြင့် အကြံပြုရေးသားမျှဝေလျှက်။

#Credit to O.W
#Zin Phyo Paing

Secrets of LIFE(Complete)Where stories live. Discover now