#68.just Words

12 3 0
                                    

ညည်းလေး သိစေချင်တဲ့စကားများ..
=================

မိငယ်ရေ..
ကာလသားတိုင်း မြင်ငေးတမ်းတရတဲ့ ညည်းလေးရဲ့ အလှတရားကို လှပမြဲလှပနေအောင် ဘယ်ခေတ်ပေါ် ဓါတုဆေးဝါးတွေကမှ ကြာကြာထိန်းမထားနိုင်ပါဘူး.. နုငယ်ပျိုမြစ်မှုတွေနဲ့ ညည်းရဲ့မျက်နှာပြင်လေးဟာ တစ်နေ့ကျရင် အရေပြားအပေါ်လွှာတွေ တွန့်ခေါက်လာမယ်.. လှပထူပြောတဲ့ ဆံနွယ်လေးတွေမှာ အဖြူရောင်တစ်စွန်းတစ်စ နေရာယူလာလိမ့်မယ်.. ပြုံးလိုက်တိုင်းလှတဲ့ သွားတက်လေးတွေလည်း တစ်ချိန်ကျရင် ရှိနေချင်မှတောင် ရှိနေလိမ့်မယ်..
.
မိငယ်ရေ..
သွယ်လျပြည့်တင်းတဲ့ ညည်းလေးရဲ့ ကောက်ကြောင်းအလှတရားတွေအတွက် အခုအချိန်မှာ ဂုဏ်ယူကောင်းဂုဏ်ယူနေမှာပေါ့နော်.. ကာလသားလူပျိုတွေရဲ့ စကားဝိုင်းတွေထဲမှာလည်း ညည်းလေးရဲ့အလှတရားဟာ ရေပန်းအစားဆုံး ခေါင်းစဉ်တွေထဲက တစ်ခုဖြစ်ကောင်းဖြစ်နေလိမ့်မှာပေါ့.. ဒါပေမယ့် ညည်းရယ်.. တစ်နေ့နေ့ တစ်ချိန်ချိန်ဆိုတဲ့ နေ့ရက်တွေသာ ရောက်ခဲ့ရင် ညည်းရဲ့ ခန္ဓာကိုယ်အရေပြားအောက်မှာ အဆီခဲလေးတွေ စုဝေးချင် စုဝေးလာမယ်.. ဒါမှမဟုတ်ရင်လည်း အရေပြားတွေ လျော့ရဲပြီး တွန့်ကြေအိုမင်းလာလိမ့်မယ်.. ဒါကို ညည်းလေးကို အလှတရားတွေ ပေးသနားခဲ့တဲ့ နတ်ဘုရားတွေလည်း တားဆီးလို့မရပါဘူးကွယ်..
.
မိငယ်ရေ..
တစ်နေ့ကျရင် ညည်းမျက်နှာလေး အိုမင်းလာမယ်။ ညည်းခန္ဓာကိုယ်လေး ပြောင်းလဲလာမယ်။ ညည်းရဲ့ အလှတရားတွေအကုန်လုံး အငွေ့ပျံကုန်မယ်။ ဒါဟာ တည်မြဲနေမယ့် ပြောင်းလဲခြင်းတစ်ခုပါပဲ။ အဲဒီ့နေ့ကျရင် ညည်းအပြုံးလေးအကြောင်း တဖွဖွပြောတတ်တဲ့သူကော ဘာဆက်ပြောဦးမလဲ။ ညည်းကောက်ကြောင်းလေးအကြောင်း ပုံတူဆွဲဦးမယ်ဆိုတဲ့သူကော ဘာတွေရေးဆွဲဦးမလဲ။
.
ညည်းရေ.. ပြောင်းလဲနေတဲ့ အရာတွေထဲမှာမှ ဘယ်တော့မှ မပြောင်းလဲမယ့် အရာတစ်ခုရှိတယ်။ အဲဒါကတော့ မိန်းမကောင်းတစ်ယောက်ဖြစ်ခြင်းပါပဲ။ ဒီနေ့မှာ မိန်းမကောင်းတစ်ယောက်ဖြစ်နေတဲ့ ညည်းဟာ တစ်နေ့ကျရင်လည်း မိန်
းမကောင်းတစ်ယောက်အဖြစ်နဲ့ပဲ ရှိနေမှာပါ။ ညည်းကိုယ်တိုင် တန်ဖိုးထားရမယ့် မိန်းမကောင်းတစ်ယောက်ရဲ့ ခံယူချက်နဲ့စိတ်ဓါတ်ကို ညည်းကိုယ်တိုင်ကလွဲရင် ဘယ်သူကမှ ရိုက်ချိုးပစ်လို့မရနိုင်ပါဘူး။
.
ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်ကို ပတ်ဝန်းကျင်ကလည်း မထီမဲ့မြင်မလုပ်ဘူး ညည်း။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်တဲ့ မိန်းကလေးတစ်ယောက်ကို ပတ်ဝန်းကျင်ကလည်း မရိုင်းပြဘူး ညည်း။ ကိုယ့်ကိုယ်ကို စောင့်ရှောက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ပတ်ဝန်းကျင်ကလည်း မစော်ကားဘူး ညည်း။
.
မိငယ်ရေ.. ဒီနေ့မှာ လုပ်ခဲ့တဲ့ ညည်းလေးရဲ့လုပ်ရပ်တွေတိုင်းဟာ အနာဂတ်မှာဖြစ်လာမယ့် ညည်းရဲ့ဘဝတွေပဲဆိုတာ မမေ့ဖို့ အခေါက်ခေါက်မှာချင်ပါရဲ့။
____________
#Credit to O.W

Secrets of LIFE(Complete)Where stories live. Discover now